ဗန်းမောက်မြို့နယ်တွင် Covid19 လူနာ (၈၇) ဦး သက်သာ၍ ဆေးရုံဆင်း

ဇူလိုင် ၁၀ ၊ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် အတည်ပြုလူနာ ( ၈၇ ) ဦး ပြန်လည်သက်သာလာပြီး နောက် ၎င်းတို့ကိုဆေးရုံဆင်းခွင့်ပေးခဲ့ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရသူများတွင် စတင်ကူးစက်ခဲ့သည့် ပန်းသတင်း KTV မှ ဝန်ထမ်းများ နှင့် ရဲတပ်သားများပါဝင်ကြသည်။

ဗန်းမောက်မြို့တွင် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကူးစက်လူနာ ၂၉၈ ဦးထိရှိခဲ့ပြီး သေဆုံးသူတစ်ဦးတစ်ယောက်မျှမရှိသေးကြောင်း သိရသည်။

အတည်ပြုလူနာများကို ဗန်းမောက်ဆေးရုံအဟောင်း /အသစ် ၊ အောင်သာကုန်းရိပ်သာ ၊ နတလ ကျောင်း တို့မှ ထားရှိကုသနေသည်။

၎င်းတို့သည် ဆရာဝန် ၊ သူနာပြုများ မလုံလောက်မှုများ ၊ စေတနာဝန်ထမ်းနည်းပါးမှုများ ကြုံတွေ့နေရသည်။

Leave a Reply

Your email address will not be published. Required fields are marked *