ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ မြို့ဝင်/ထွက် စစ်ဆေးမှုများပြုလုပ်နေ

စက်တင်ဘာ ၃၀ ၊​ ဗန်းမောက်

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်များက မြို့ဝင်/မြို့ထွက်များတွင် စစ်ဆေးမှုများပြလုပ်နေသည်မှာ (၂) ရက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့က စစ်ဆေးရာတွင် ကား​၊ဆိုင်ကယ် နှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးမှုများပြုလုပ်ကြောင်းသိရသည်။

“ ဖုန်းတွေကို စစ်တယ်၊ ဖွင့်ပြခိုင်းတယ်၊ ကိုယ့်အချက်အလက်တွေကိုစစ်တယ် ၊ တခြားတော့ ထူးထူးခြားခြားမရှိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းတို့သည် မည်သည့်သတင်းများကြောင့် လာရောက်စစ်ဆေးနေသည်ကို မသိရှိသေးကြောင်း ပြောဆိုကြသည်။

“ အခုက မြို့ထဲကိုသူတို့တွေမစစ်သေးဘူး ၊ ညဆိုရင်တော့ သူတို့မသင်္ကာတဲ့ အိမ်တွေကို ဧည့်စာရင်းစစ်တယ်ဆိုတာတော့ကြားမိတယ်” ဟု ဗန်းမောက်မြို့ပေါ်မှာ ဒေသခံတစ်ဦးက ပြောဆိုသည်။

လွန်ခဲ့သည့် လကလည်း ဗန်းမောက်မြိုန့ယ်အနောက်ဘက်ခြမ်းသွားသည့် လမ်းပိုင်းရှိ ပင်ပုံကျေးရွာ ၊ ပင်ဟင်းခါးကျေးရွာ အနီးတွင်လည်း ယခုကဲ့သို့ စစ်ဆေးမှုများပြုလုပ်မှုများရှိသည်ဟု ပင်ပုံဒေသခံတစ်ဦး၏ ပြောဆိုမှုအရသိရသည်။

ဒေသခံတချို့ကလည်း ရှုပ်ထွေးနေသည့် နိုင်ငံရေးသတင်းများကြောင့် စားနပ်ရိက္ခာဖြည့်တင်းမှုများလည်းပြုလုပ်နေကြသည်။

ဗန်းမောက်မြို့သည် စစ်ကောင်စီနှင့် PDF များ တိုက်ပွဲဖြစ်နေသည့် ပင်လည်ဘူးမြို့ နှင့်လည်း ထိစပ်နေသည့် မြို့တစ်ခုဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *