ဗန်းမောက်မြို့နယ်ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုရုံးစတင်တည်ဆောက် 

မေလ ၂၃ ရက်နေ့မှ စတင်ဆောက်လုပ်နေသည့် ဗန်းမောက်ရှမ်းနီစာပေယဉ်ကျေးမှုရုံး Photo/ ShanNi Voice

မေ ၂၃ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှာ ရှမ်းနီစာပေနဲ့ ရိုးရာယဉ်ကျေးမှုရုံးကို မေလ ၂၃ ရက်နေ့မှာ စတင်ပန္နက်ရိုက်တည်ဆောက်နေပြီလို့သိရပါတယ်။ 

ဒီရုံးကို အမြင့် ၂၄ ပေ ၊ အလျား ၆၃ ပေ နဲ့ အနံ ၃၀ အုပ်ညပ်နှစ်ထပ်ဆောင်အဖြစ် တည်ဆောက်နေတာလည်းဖြစ်ပါတယ်။ 

ဒီရုံးမှာ အစည်းအဝေးခန်းမ ၊  စာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီရုံး ၊ စာပေဌာန ၊​ ယဉ်ကျေးမှုဌာန စတာတွေထားရှိသွားမယ်လို့သိရပါတယ်။ 

၂၀၂၀ ခုနှစ်ကတည်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဆီကို ရုံးတည်ဆောက်ရေးအတွက် ရံပုံငွေတောင်းခံမှုတွေပြုလုပ်ခဲ့ပေမယ့် ချထားပေးခဲ့ခြင်းမရှိပဲ ၊ ၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်း စစ်ကောင်စီက ကျပ်သိန်း ၂၅၀ ချထားပေးခဲ့တာလို့ဆိုပါတယ်။ 

ရုံးတည်ဆောက်ရေးအတွက် ဒေသတွင်းက အလှူရှင် ၊​လုပ်ငန်းရှင်တွေရဲ့ ထည့်ဝင်ငွေတွေနဲ့လည်း ပူးပေါင်းတည်ဆောက်သွားမှာဖြစ်ပြီး ၅ လ အပြီးအစီးတည်ဆောက်သွားမှာလို့ဆိုပါတယ်။ 

ဗန်းမောက်မြို့နယ်ထဲက လူဦးရေ သုံးပုံနှစ်ပုံလောက်က ရှမ်းနီတိုင်းရင်းသားတွေနေထိုင်ကြပြီး အခုအဆောက်အဦးက ရှမ်းနီတိုင်းရင်းသားတွေ ပထမဆုံးတည်ဆောက်ကြတဲ့ စာပေနှင့် ရိုးရာယဉ်ကျေးမှုရုံးလည်းဖြစ်တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *