ဗန်းမောက်မြို့နယ်လွတ်တော်ကိုယ်စားလှယ်ရဲ့အိမ်ချိတ်ပိတ်ခံရ​

ဗန်းမောက်မြို့နယ် လွှတ်တော်အမတ် ဦးဝင်းရွှေ၏ နေအိမ်ချိတ်ပိတ်ခံရ Photo – CJ ဗန်းမောက်

 

စစ်ကိုင်းတိုင်းဒေကြီး ဗန်းမောက်မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) က  လွှတ်တော်အမတ် ဦးဝင်းရွှေရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေက ချိတ်ပိတ်လိုက်ကြောင်း သိရပါတယ်။​

ဗန်းမောက်မြို့နယ် လွှစင်ကုန်းရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ဇန်နဝါရီလ (၂၃) ရက်နေ့မှာ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ချိိတ်ပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမောက်ဒေသခံတွေက ရှမ်းနီအသံကို ပြောပါတယ်။ 

အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းပြီးတော့ ချိတ်ပိတ်လိုက်တာလို့ သိရပါတယ်။ 

ဦးဝင်းရွှေရဲ့ နေအိမ် ချိတ်ပိတ်ခံရမှုက ဗန်းမောက်မြို့နယ်မှာ ပထမဆုံးချိတ်ပိတ်ခံလိုက်ရတဲ့ နေအိမ်လည်းဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်းမှာပဲ  ဗန်းမောက်မြို့နယ်က NLD ပါတီဝင်တချို့ရဲ့ နေအိမ်တွေကို ချိတ်ပိတ်ဖို့အတွက် ပြင်ဆင်မှုတွေလည်းရှိနေတဲ့အကြောင်း ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးထဲမှာရှိတဲ့ လွတ်တော်အမတ်တွေရဲ့ နေအိမ်တွေကို  စစ်ကောင်စီက  ချိတ်ပိတ်မှုတွေ ဒီလပိုင်းထဲမှာ ဆက်တိုက် ပြုလုပ်နေတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။

ဗန်းမောက်နယ်ထိစပ်နေတဲ့ ဝန်းသိုနယ်က လွတ်တော်အမတ်အိမ်ကိုလည်း ဇန်နဝါရီလအစပိုင်းမှာ ချိတ်ပိတ်ခဲ့ပြီးတော့ ဟုမ္မလင်း၊ တမူးမြို့တွေက လွတ်တော်ကိုယ်စားလှယ် နဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်ကို ချိတ်ပိတ်မှုတွေ ရှိခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *