ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသကံကုန်းကျေးရွာအနီးစစ်ကောင်စီဗုံးကျဲ 

နိုဝင်ဘာ ၁၄ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသ ကံကုန်းကျေးရွာဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဒီနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁ နာရီခွဲကျော်အချိန်မှာ ဗုံးကျဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

စုစုပေါင်း ဗုံးခုနှစ်လုံးကျဲခဲ့ပြီး အရပ်သားတစ်ဦးရဲ့နေအိမ် ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

“ ကံကုန်းနားမှာ ဒီနေ့ နေ့လည်ပိုင်း ၁ နာရီကျော်လောက်ရှိမယ်ထင်တယ် လာကျဲသွားတာ၊ ခုနှစ်လုံးတဲ့ အထိအခိုက်ကတော့ မကြားရသေးဘူးပါ့” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

လူအထိအခိုက်တော့မရှိဘူးလို့လည်း ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသ က ကြောင်လည်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတစ်ခု အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *