
ဇူလိုင် ၁၉ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် ပင်ပုံသရက်ကုန်းကျေးရွာတွင် ဇူလိုင်လ ၁၈ ရက်နေ့ည (၇) နာရီခွဲအချိန်က လက်လုပ်ဗုံး ပစ်ခတ်မှုကြောင့် နေအိမ်အတွင်းရှိ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှသိရ သည်။
“ဒီကနေ့မနက်ကျွန်တော်တို့သွားကြည့်တာကတော့ သူတို့လက်လုက်ဗုံးပစ်တာ ။ ကလေးမလေးတစ်ယောက်ကိုထိသွားတယ်အခုဗန်းမောက်ဆေးရုံကိုရောက်နေတယ်။ သူကထိတာကတော့ လက်လုပ်ဗုံးကနေပြီးတော့ မှ ထိတာလား ကွဲပြီးမှကျောက်စမှန်တာလည်းဆိုတာတော့မသိဘူး။ ထိတာကတော့ မေးရိုးအောက်နဲ့ လည်ပင်းမှာထိတာ အိမ်ထဲမှာနေပြီးတော့ ဟန်းဆက်(ဖုန်း) ကြည့်နေတာ ကားကသူတို့အိမ်ရှေ့မှာမိတာ ။ ကားစီးခဲ့တဲ့အဖွဲ့တွေကလည်း သူတို့အိမ်ထဲပြေး၀င်လာတာ” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံပြောသည်။
မြို့နယ်ထွေအုပ် ၊ ရဲ နှင့် သစ်တောဝန်ထမ်းများစီးနင်းလာသည့်ကား ဘီးပေါက်၍ သရက်ကုန်းကျေးရွာတွင် ခတ္တနားစဉ် နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသည့် အမည်မသိ အဖွဲ့တစ်ခုက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည် ဟုဒေသခံများကဆိုသည်။
ရဲသတင်းထုတ်ပြန်မှုအရ ဒုထွေအုပ် ၊ ဒုရဲမှူး ဦးသန်းစိုး နှင့် ကားပေါ်ပါလာသည့် ဝန်ထမ်းတချို့လည်း ဖမ်းဆီးခံရသည်ဟုဆိုသည်။
“ ဖြစ်တာကတော့ မံအင်မင်းကုန်း အထဲရိုးကတည်းကရင်းဖြစ်လာကြတာ ။ ဘာပြဿနာတွေဖြစ်လာကြသလဲဆိုတာကတော့ ကိုယ်လည်းမသိဘူး။ ပြန်ခဲ့တာတော့မြင်လိုက်တယ်။ ကားဘီးလည်းပေါက်တဲ့အခါကျတော့ သရက်ကုန်းမှာမိတာ” ဟု ရပ်မိရပ်ဖတစ်ဦးကဆိုသည်။
ဇူလိုင်လ (၁၈)ရက်နေ့နံနက်ပိုင်းကမြို့နယ်ထွေအုပ် ၊ ရဲ ၊သတ္တု ၊ သစ်တောဝန်ထမ်းများ စုစုပေါင်း (၈) က ကားနှစ်စီးဖြင့် နားနန့်ထွန်အုပ်စု အတွင်းရှိ သက်တမ်းကုန်လုပ်ကွက်များ ပိတ်သိမ်းမှုအစီအရ သွားရောက်ခဲ့ပြီး အပြန် ညနေ(၆)နာရီအချိန်တွင် မံလောင်ပေပင်ကျေးရွာအနီးတွင် အမည်မသိအဖွဲ့က ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လံပစ်ခတ်ခဲ့ပြီး ဝန်ထမ်းတစ်ဦး ဘယ်ဘက်ရင်အုံထိမှန်ခဲ့သည်။