ဗန်းမောက်မြို့နယ် Covid19 ကူးစက်လူနာ နှစ်ရက်အတွင်း (၁၀၈) ဦးထိရှိလာ ရဲ နှင့် ဌာနဆိုင်ရာဝန်ထမ်း (၂၅) ဦးထိပါဝင်

ဇွန် ၃၀ ၊ ဗန်းမောက်

ဗန်းမောက်မြို့တွင် Covid19 ရောဂါပိုး နှစ်ရက်အတွင်း (၁၀၈) ဦးအထိရှိလာပြီး ထိုထဲမှ ရဲ နှင့် ဌာနဆိုင်ရာ ဝန်ထမ်း (၂၅) ဦးထိ ပါဝင်ကြောင်းသိရသည်။

ဗန်းမောက်မြို့တွင် ဇွန်လ (၂၉) ရက်နေ့တစ်ရက်တည်း စစ်ဆေးရာ ရောဂါပိုးအတည်ပြုလူနာ (၅၆) ဦးထိရှိခဲ့ပြီး ယနေ့စစ်ဆေးရာ (၅၂) ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။

၂၅ယောက်က ဒီနေ့မနက် ရဲနဲ့ ဌာနဆိုင်ရာ၊ ဒီနေ့ညနေ နဲ့ အချိန်အထိ ၂၇ ယောက် ပန်းသတင်း KTV က ဝန်ထမ်းတွေနဲ့ ထိစပ်တဲ့သူတွေ မြို့ထဲကသူတွေချည်းပဲ” ဒေသခံတစ်ဦးကဆိုသည်။

ထို့ပြန် ထို KTV သို့ လာရောက်ခဲ့သူများ လာရောက်စိစစ်ဆေးခံယူခြင်း မရှိသေးကြောင်းလည်း သိရသည်။

ဗန်းမောက်မြို့တွင် ယခု တတိယလှိုင်းကို KTV မှ အစုလိုက်အပြုံလိုက်ကူးစက်ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *