ဗန်းမောက်မြို့မှာဖုန်းလိုင်းအားလုံးမကြာခဏပြတ်တောက်နေ 

နိုဝင်ဘာ ၉ ၊​ ဗန်းမောက်

ဗန်းမောက်မြို့နယ်အတွင်းမှာ ဖုန်းလိုင်းအားလုံးက မကြာခဏပြတ်တောက်နေပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ဖုန်းလိုင်းအားလုံးပြတ်တောက်မှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

“ တယ်လီနော်က တစ်လပြည့်တော့မယ်၊ မိုင်တဲက ၁၅ ရက် ရက်နှစ်ဆယ်လောက်ရှိပြီ။ အခုက ငါတို့အော်ရီဒူးနဲ့ MPT ပဲခံနေတာ၊  MPT ကတောင်အခုမှရခဲ့ပြန်တာ” လို့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ဖုန်းလိုင်းပြတ်တောက်မှုနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

လက်ရှိမှာ MPT နဲ့ အော်ရီဒူး ဖုန်းလိုင်းတွေသာ အသုံးပြုလို့ရနေပြီး ကျန်တဲ့အော်ပရေတာတွေက အသုံးပြုလို့မရဘူးလို့ သိရပါတယ်။ 

ဖုန်းလိုင်းတွေက မကြာခဏပြတ်တောက်နေပြီး ပြတ်ရတဲ့အကြောင်းအရင်းတွေကိုတော့ မသိရှိကြဘူးလို့ဆိုပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်ရောက်လာတဲ့ အချိန်တိုင်း ဖုန်းလိုင်းပြတ်တောက်မှုတွေဖြစ်တတ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ 

ဗန်းမောက်မြို့မှာ အင်တာနက်လိုင်းပြတ်တောက်မှုတွေက လနဲ့ချီကြာမြင့်နေတာဖြစ်ပြီး ဖုန်းလိုင်းပါ မကြာခဏပြတ်တောက်နေမှုကြောင့် လုပ်ငန်းတွေအတွက်ဆက်သွယ်အခက်အခဲဖြစ်တယ်လို့လည်း လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောကြပါတယ်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်တွေမှာ ဖုန်းလိုင်းပြတ်တောက်မှုတွေက မကြာခဏကြုံတွေ့ရတတ်ပြီး ဗန်းမောက်မြို့နယ်နဲ့ ထိစပ်နေတဲ့ ဟုမ္မလင်းမြို့မှာလည်း ဖုန်းလိုင်းပြတ်တောက်မှု တစ်လကျော်ကြာမြင့်ခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *