
ဖေဖော်ဝါရီ ၂၂ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့ပေါ်ရှိ လျှပ်စစ်ရုံးရှေ့မှာ ဖောဖော်ဝါရီ ၂၂ ရက်နေ့ မနက်ပိုင်း ၉ နာရီခွဲ ဝန်းကျင်မှာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ကိုယ်တိုင်မြင်ခဲ့တဲ့ သတင်းအရင်းအမြစ်က ရှမ်းနီအသံကို ပြောပြပါတယ်။
“ဗုံး ပေါက်ကွဲတာက လျှပ်စစ်ရှေ့ရုံးမှာ ပေါက်ကွဲတာ။ ကျနော်ကအောင်သာကုန်းကနေ လာခဲ့တာ လျှပ်စစ်ရုံးရှေ့မှာ တစ်ခေါက် ရပ်သေးတယ် ဆိုင်ကယ်နဲ့ စျေးကြီးတင်လို့ ။ နောက်ကိုကျတော့ အဲ့မှာဝယ်။ ဝယ်စရာမရှိတာနဲ့ ဖိုးကြားမောင်ဆိုင်ဘက်ကို လာခဲ့တာ။ ဖိုးကြားမောင်ဆိုင်ရှေ့မှာလေး အဲ့မှာလေး စျေးမေးနေတဲ့အချိန်မှာ သူတို့က ကင်းလှည့်လာတာနဲ့ အဲ့မှာ ပေါက်ကွဲတာလေ။ ပစ်ကြသေးတယ် အဲ့မှာ။ သူတို့ကတော့ ကျနော်ကြည့်တာ စစ်သားတွေက မိုးပေါ်ထောင်ပစ်တာ မိုင်းကွဲပြီးတော့။ ပြည်သူတော့ ထိသွားတာပါ့အေး မိုင်းထိတာပြည်သူက။ သေနတ်ထိတာတော့ မဟုတ်ဘူး။” လို့ ကိုယ်တိုင် မြင်ခဲ့ရတဲ့ သတင်းအရင်းအမြစ် ပြောပြပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၃) ဦးရှိပြီး ရဲတစ်ဦး နဲ့ အရပ်သား တစ်ဦး ၊ သခင်လေးကားလိုင်း ကားဆရာတစ်ဦး တို့ထိခိုက်ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
“အဲ့မှာ ကားသမားတစ်ယောက်က လက်ခလေးတွေ ပြတ်သွားတယ်ဆိုလား။ ဟိုကဟာ ခေါက်ဆွဲရောင်းနေတဲ့ အမျိုးသမီးရဲ့ခေါင်ကို နဲနဲမှန်တယ်တဲ့ အဲ့ဒါပဲကြားတာ။” လို့ မြို့ပေါ်နေတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုမှာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို မသိရှိရသေးပါဘူး။
အခုလို လျှပ်စစ်ရုံးရှေ့ မိုင်းပေါက်ကွဲမှု ဖြစ်စဥ်သည်လည်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ်ဟာ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကြေညာထားတဲ့ မြို့တွေထဲက တစ်မြို့အပါအဝင်ဖြစ်ပါတယ်။