ဗန်းမောက် – အင်းတော်ကားလမ်းပိုင်းမှာ အမျိုးသမီးတစ်ဦး ကျပ်သိန်း (၅၀၀) ဓားပြတိုက်ခံရပြီး ဒဏ်ရာပြင်းထန်

မေ ၂၆ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နဲ့ အင်းတော်မြို့ ကားလမ်းပိုင်းပေါ်မှာ မေလ ၂၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှာ အမျိုးသမီး ကျပ်သိန်း (​၅၀၀) ဓားပြတိုက်ခံရပြီး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သူနဲ့နီးစပ်တဲ့ ဆွေမျိုးအသိုင်းဝိုင်းဆီကနေသိရပါတယ်။ 

အင်းတော်မြို့ကနေ ဗန်းမောက်မြို့ကို ဆိုင်ကယ်နဲ့ ငွေလာပို့တဲ့ အမျိုးသမီးတစ်ဦးကို ဗန်းမောက် – အင်းတော် နယ်ကြားမှာ ယောကျာ်း (၃) ယောက်ကျာ ဆိုင်ကယ်ကိုရပ်တန့်စေပြီး အမျိုးသမီးလွယ်အိတ်ထဲက ကျပ်ငွေသိန်း (၅၀၀) ကို ဓားပြတိုက်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဲ့ဒါအပြင် အမျိုးသမီးရဲ့ မျက်နှာနဲ့ ဝမ်းဗိုက်တွေကိုလည်း  ကျောက်လှည့်နဲ့ ထိုးခဲ့တာကြောင့် မျက်နှာနဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီဓားပြတိုက်နေမှုကို မြင်တဲ့ အမျိုးသမီးနှစ်ယောက်က လှမ်းအော်ပြီး အကူအညီတောင်းခံမှုကြောင့် ဓားပြတိုက်သူ (၃) ယောက်ကထွက်ပြေးသွားပြီး ဒဏ်ရာတဲ့ အမျိုးသမီးကို အင်းတော်ဆေးရုံကနေ  အခု ကသာဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သူ့ဆွေမျိုးတွေဆီကနေ သိရပါတယ်။​

    “နေ့၊လူသုံးရောက်ကတားပြီးတော့ အိတ်ထဲမှာပါတဲ့သိန်း(၅၀၀)ကိုလုယူပြီးတော့၊သူတို့မှာပါလာတဲ့ကျောက်လှည့်နဲ့မျက်နှာနဲ့ဝမ်းဗိုက်ကိုထိုးတာ၊ဒဏ်ရာတွေအပြင်းအထန်ရလို့ကသာဆေးရုံကိုပို့လိုက်ရတယ်တဲ့၊တော်သေးတာမသေတာ၊သူတို့ကအသေသတ်တယ်ထင်တယ်၊အဲ့ဒီမှာလမ်းလျှောက်လာနေတဲ့အမျိုးသမီးနှစ်ဦးကအော်ဟစ်အကူအညီတောင်းလို့၊ဓါးပြတိုက်တဲ့သူတွေက၊တောထဲကိုထွက်ပြေးသွားကြတယ်လို့ပြောတာဘဲ”ဟုအမည်မဖေါ်တဲ့ ဆွေမျိုးနီးစပ်သူ အမျိုးသမီးတစ်ဦးက စာနဲ့ပြောပြပါတယ်။ 

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက် နဲ့ ၂၃ ရက်နေ့ကလည်း ကော်တာရွာအနီး အေးငြိမ်းဓန ကျောက်ရွှေတူးဖော်ရေးကုမ္ပဏီကို လူတစ်စုဓားပြတိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သိန်း နှစ်ထောင်ဝန်းကျင်ပါသွားတယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။ 

ဗန်းမောက်မြို့နယ်မှာလည်း အခုအချိန်မှာ ခိုးဆိုးလုယက်မှုတွေအပြင် ဓားပြတိုက်မှုတွေတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *