ဗန်းမောက် – အင်းတော်လမ်းပိုင်းတွေပြန်ဖွင့်ပြီးကားအသွားအလာပြုလို့ပြန်ရ

ဗန်းမောက် – အင်းတော်လမ်းပိုင်းတွေက ဇူလိုင် (၃) ရက်နေ့ မနက် ၁၁ နာရီကျော်မှာ လမ်းပိုင်းပြန်ဖွင့်ပေးခဲ့တယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေက ရှမ်းနီအသံကိုပြောဆိုကြပါတယ်။ 

“ မနက် ၁၁ နာရီကျော်မှာ ရောက်ခဲ့ကြတာ ။ ဟုမ္မလင်း နမ့်တော ဘက်ကကားတွေလည်း ထွက်လာခဲ့ပြီ။ ဒီလိုပိတ်လိုက်တာ ငါတို့ဗန်းမောက်က ကုန်တွေတောင်ပြန်တက်လာခဲ့တာ” လို့ ဗန်းမောက်မြို့ခံတစ်ဦးက ပြောပြပါတယ်။ 

ဒီလမ်းပိုင်းပိတ်ရတဲ့အကြောင်းအရင်းတွေထဲမှာ ကားတွေရဲ့သော့တွေကို သိမ်းသွားတာကြောင့် ရှေ့ဆက်မမောင်းနိုင်ပဲ ရပ်ထားတာလို့ ကားသမားအများစုကပြောကြပါတယ်။ 

ကားပေါ်ပါလာတဲ့ ကုန်ပစ္စည်းတချို့ကတော့ ပုတ်သိုးသွားလို့ အဲ့နေရာမှာတင် ထားခဲ့ရတယ်လို့ သိရပါတယ်။ 

လမ်းပိုင်းပိတ်ထားတဲ့ ၅ ရက်အတွင်းမှာ ဗန်းမောက်မြို့ပေါ်က ကုန်စည်တချို့စျေးနှုန်းမြင့်တက်လာခဲ့တယ်လို့လည်း ပြောဆိုကြပါတယ်။ 

ဘယ်နေ့ထိပိတ်မယ်မှန်းမသိတော့ အရင်က တစ်ပိဿာနှစ်ပိဿာပဲဝယ်တဲ့ဟာ အခုက တစ်အိတ်အဲ့လိုတွေဝယ်ထားရတော့တာ ၊ စျေးတွေကလည်း နည်းနည်းတက်ချင်လာတယ်။ လမ်းပိတ်ထားတယ်ကုန်မရောက်ဘူးဆိုပြီး” လို့ စျေးရောင်းသူတစ်ဦးက ပြောပြပါတယ်။ 

လမ်းပိုင်းပြန်ပွင့်သွားလို့ ကားအသွားအလာတွေရှိနေပြီး လမ်းပိုင်းမှာ စစ်ဆေးတဲ့အဖွဲ့တွေ မရှိကြတော့ဘူးလို့လည်း ကားသမားတွေဆီကနေ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *