ဗန်းမော်မြို့မှာစက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေပြီးဆိုင်ကယ်တစ်စီးတစ်လီတာသာထည့်ရ 

Denko ဆီဆိုင်မှာ စက်သုံးဆီများတန်းဆီပြီးဝယ်ယူနေရသည့် မြင်ကွင်း Photo/ ဗန်းမော်ပွင့်သစ်

ဩဂုတ် ၆ ​၊ ဗန်းမော် 

ဗန်းမော်မြို့မှာ ဩဂုတ်လ ၅ ရက်နေ့ကစ  စက်သုံးဆီဆိုင်တချို့ ပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။​

ပြတ်လပ်တဲ့အနေအထားတော့မရှိဘူး ။ နည်းနည်းတန်းစီတိုးတာတို့တော့ရှိပါတယ်။ မနေ့ကပါ။​ကျန်တဲ့ရက်တွေကတော့ ဘာမှမဖြစ်ပါဘူး။ တချို့ဆိုင်တွေကတော့ပြတ်တယ်ပေါ့လေ။ ရှိတဲ့ဆိုင်တွေကတော့ တန်းစီတိုးနေရတာပေါ့လေ။ သူတို့ဘောင်ဆာကြီးတွေတော့လာတာပဲ။ ပါတယ်မပါဘူးလို့တော့မပြောနိုင်ဘူး။ လာနေတဲ့ဆီဘောက်တွေတော့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ရက်နှစ်ရက်တော့ ဘောက်ဆာတွေသိပ်မတွေ့ဘူးဗျ” လို့ ဗန်းမော်မြို့မိမြို့ဖတစ်ဦးက ပြောပြပါတယ်။​

ပြတ်လပ်မှုဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းကို မသိကြဘူးလို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ 

ဗန်းမော်မြို့ပေါ်က ဆိုင်အများစုမှာ စက်သုံးဆီအမျိုးအစားအားဖြင့် 95 က လုံးဝပြတ်လပ်သလိုဖြစ်နေပြီးဝယ်ယူလို့မရဘူးလို့လည်း ဆီသွားထည့်ခဲ့တဲ့ ဒေသခံတစ်ဦးကပြောပြပါတယ်။ 

လက်ရှိမှာ စက်သုံးဆီဆိုင်တွေရှေ့မှာ ဆီဖြည့်ဖို့ တန်းစီနေရပြီး တစ်ဦးကို တစ်လီတာကျော်( နှစ်ထောင်ဖိုး) သာ ရောင်းချပေးနေကြောင်း သူက ဆိုပါတယ်။ သိရပါတယ်။ 

ဩဂုတ်လ ၅ ရက်နေ့မှ ဒီလိုစတင်ဖြစ်ပေါ်လာပြီး စက်သုံးဆီဆိုင်တွေက ဆိုင်ကယ်တစ်စီးကို သုံးထောင်ကျပ်ဖိုးသာ ထည့်ပေးတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်မှုတွေအရ ဒီလိုစက်သုံးဆီတွေပြတ်လပ်မှုတွေဖြစ်ပေါ်ရင် အရေးယူမယ်လို့ လွန်ခဲ့တဲ့ဇွန်လက ထုတ်ပြန်ထားပါတယ်။ 

ဗန်းမော်မြို့နယ်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်  (၁၁) ဆိုင်ရှိပြီးတစ်နှစ်ပျှမ်းမျှ ဂါလံ သုံးသိန်းခွဲကျော်ရှိတယ်လို့  ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *