ဗဟိုဘဏ်က ဒေါ်လာ၁၅သန်းထပ်မံရောင်းချ သော်လည်း ဒေါ်လာစျေးမြင့်တက်နေဆဲ

စက်တင်ဘာ ၂၀ ၊ နေပြည်တော် 

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းကို ငွေလဲနှုန်း ၁၇၅၀ ကျပ်ဖြင့် ရောင်းချခဲ့သော်လည်း အပြင်စျေးကွက်တွင် ဒေါ်လာစျေးဆက်လက်မြင့်တက်လျှက်ရှိနေကြောင်းသိရသည်။ 

ပြင်ပကောင်တာပေါက်စျေးတွင် တစ်ဒေါ်လာ နှစ်ထောင်ကျပ်ကျော်ဖြင့် အရောင်းအဝယ်များပြုလုပ်လျှက်ရှိနေသည်။ 

ထို့ပြင် ပြည်တွင်းဘဏ်များတွင် တစ်ဒေါ်လာ ၁၉၁၀ ကျပ်ဖြင့် စျေးဖွင့်ထားခဲ့သည်။ 

“ ဘတ်ဟိုးအရစ်ကျဝယ်ထားပြီး သွင်းရတဲ့အရစ်က ဒေါ်လာစျေးတက်တော့ တအားနင့်အောင်သွင်းနေရတယ်။ အရင်က ပုံမှန်သိန်းတစ်ရာဆို အခုက သိန်းတစ်ရာ့ငါးဆယ်လောက်ဖြစ်တာပေါ့” ဟု ဗန်းမောက်ဒေသခံတစ်ဦးကဆိုသည်။ 

ကျပ်ငွေစျေးကျပြီး ဒေါ်လာစျေးမြင့်နေမှုကြောင့် စက်သုံးဆီများ ၊ စက်ပစ္စည်းများနှင့် အခြေခံကုန်ပစ္စည်းများလည်း စျေးနှုန်းမြင့်တက်နေသည်။

ဗဟိုဘဏ်သည် ယခုစက်တင်ဘာလအတွင်းတွင် ဒေါ်လာ (၃၈) သန်းအထိထုတ်ရောင်းထားပြီးအာဏာသိမ်းပြီးသည့် ဖေဖော်ဝါရီလမှ ယနေ့အထိ စုစုပေါင်း ဒေါ်လာ (၁၅၉ )သန်းအထိ ထုတ်ရောင်းခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *