
စက်တင်ဘာ ၁၄၊ မိုးညှင်း
မိုးညှင်းမြို့မှ ဘီလူးမြို့ကျေးရွာဘက်ကိုအပြန် ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်တစ်ဦးကို ဓားတွေကိုင်ဆိုင်ထားတဲ့ လူ ၆ ယောက်က ဆိုင်ကယ်ကို ရိုက်လုပြီး ငွေးသား ၁၅ သိန်းလည်း ယူဆောင်သွားတဲ့ဖြစ်ရပ်တစ်ခု စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီမှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်းမြို့မှ ဘီလူးမြို့ကျေးရွာ သွားလမ်း ဇောတိသင်းချိုင်းအရှေ့တွင် ဆိုင်ကယ်နစ်စီးလူခြောက်ယောက်ကဆိုင်ကယ်ရိုက်လုခဲ့တာဖြစ်တယ်လို့ ကာယကံရှင်ဆီကနေ သိရပါတယ်။
“ လူ ၆ ယောက်၊ ဆိုင်ကယ် ၂ စီးနဲ့ ဓားလည်းပါတယ်။ ၊ တချို့က မက်တပ်ထားတယ်။ တချို့ကလည်း မတပ်ဘူး။ အရမ်းတော့မမှတ်မိဘူး ခေါင်းကိုရိုက်ခံထားရတာဆိုတော့ မူးနေတာ၊ ခေါင်းထိအကန်ခံရတာ၊ ပြီးရင် မိုးညှင်းဘက်ကို ပြေးသွားတာ ” လို့ ကာယကံရှင်က ပြောပါတယ်။
လမ်းပိုင်းမှာ ဆိုင်ကယ် ရိုက်နက်လုယက်ခံရသူဟာလည်း ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
အုပ်စုဖွဲ့လုယက်သူတွေဟာ ဒေသခံတွေမဟုတ်ပဲ ရွေ့ပြောင်းလာရောက်သူတွေဖြစ်နိုင်တယ်လို့ ကာယကံရှင်နှင့် ဘီလူးမြို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
မိုးညှင်းမြို့မှာ ၂၀၂၃ နှစ်အတွင်းမှာ အခုလို လုယက်မှုတွေဟာ မကြာခဏရှိခဲ့ပေမယ့် လုယက်သူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်းသိရပါတယ်။