မန္တလေး တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်မှ ဖမ်းဆီးခံထားရသည့် ရှမ်းနီတိုင်းရင်းသူများ ပြန်လည်လွှတ်မြောက်လာ

ဇွန် ၃၀ ၊ မန္တလေး

မန္တလေးတိုင်းရင်းသား ပေါင်းစုံသပိတ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဖြိုခွဲ ဖမ်းဆီးခံခဲ့ရာ (၁၁) ဦးဖမ်းဆီးခံခဲ့ရမှုတွင် ရှမ်းနီတိုင်းရင်းသူ (၄) ဦးပါဝင်ခဲ့သည်။

ယနေ့တစ်နိင်ငံလုံးအတိုင်းအတာဖြင့် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထားရသူများ လွတ်ပေးခဲ့ရာ မန္တလေး အိုးဘိုထောင်မှ ရှမ်းနီတိုင်းရင်းသူ (၃) ဦးလွတ်မြောက်ခဲ့ကြောင်းသိရသည်။

၎င်းတို့ (၃) ဦးသည် အိုးဘိုထောင်ထဲတွင် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသူများဖြစ်သည်။ ဖမ်းဆီးခံထားရသည့် ရှမ်းနီတိုင်းရင်းသူ (၄) ဦးထဲမှ တက္ကသိုလ်ကျောင်းသူတစ်ဦးကို မတ်လ (၂၃) ရက်နေ့က စစ်ကောင်စီက ပြန်လည်လွတ်ပေးခဲ့သည်။

ယနေ့ လွတ်မြောက်လာသူ စုစုပေါင်းနှစ်ထောင်ကျော်တွင် သတင်းသမားများ ၊ ကဗျာဆရာများ ၊ အနုပညာရှင်တချို့ နှင့် ကျောင်းသား/သူ များပါဝင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *