ဇူလိုင် ၂၀ ၊ မိုင်းရှူး
ရှမ်းပြည်တောင်ပိုင်း မိုးရှူးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မိသားစုလိုက်သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၁၉ ရက်နေ့မှာ သျှမ်းကျောင်းသားသမဂ္ဂ(Tai Student Union) က လူ့အခွင့်အရေးဆိုင်ရာ သတင်းလွှာမှာ ဖော်ပြထားပါတယ်။
ရှမ်းကျောင်းသားသမဂ္ဂအဖွဲ့က ဒီလုပ်ရပ်ကို ရက်စက်ယုတ်မှာမှုလို့ ပြောဆိုထားကာ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ့်ချတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ညမှာ မိုင်းရှူးမြို့နယ် ဟွေလွတ်ကျေးရွာ လမ်းဘေးမှာ တောင်ဟျိုးကျေးရွာမှာနေတဲ့ စိုင်းသီဟမောင်းနှင်လာတဲ့ ကားကို စစ်ကောင်စီတပ်တွေက တားဆီးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုပစ်ခတ်မှုကြောင့် ကားမောင်းသူ စိုင်းသီဟထိခိုက်ဒဏ်ရာရခဲ့ပြီး သူ့ဇနီးနဲ့ သူ့သားအသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးတို့ ကားအတွင်းမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာလို့ဆိုထားပါတယ်။
စိုင်းသီဟကတော့ မိုင်းရှူးပြည်သူ့ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ဆိုကြပါတယ်။
မိုင်းရှူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ SSPP/SSA တို့စစ်ရေးတင်းမာမှုတွေရှိနေပြီး SSPP ရဲ့ တပ်စခန်းတွေ ပြန်ဆုတ်ပေးဖို့အတွက် ဖိအားပေးမှုတွေလည်းရှိနေပါတယ်။