မိုးကောင်းမြို့နယ်အတွင်းမှာ  ဆန်ဈေးနှုန်းမျးမြင့်တက်လာနေ 

 ဧပြီ ၂၅ ၊ မိုးကောင်း 

  မိုးညှင်း၊ မိုးကောင်းနှင့် အင်းတော်ကြီးဒေသများတွင်   ဆန်တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ကျော်ထိ  ရောင်းဝယ်နေကြပြီး ယခင်နှစ်တွေနှင့်နှိုင်းယှဉ်မယ်ဆိုရင် နှစ်ဆစျေးနှုန်းဖြင့်  ရောင်းဝယ်နေကြတာဖြစ်တယ်လို့  ဆန်စပါးကုန်သည်များထံမှ သိရပါတယ်။ 

   မိုးကောင်းမြို့နယ်မှာ ငွေတိုးအမျိုးအစား ဆန်တစ်အိတ် ၆၅၀၀၀ ကျပ်၊ ချင်းတုံးဆန်တစ်အိတ် ကျပ်၆၀၀၀၀ကျော် ဖြစ်နေပြီး ယခုဈေးနူန်းထက် ထပ်တက်ရန်အလားအလာရှိနေကြောင်း  ဆန်ကုန်သည်တစ်ဦးက ပြောပြပါတယ်။ 

ဆန်ဈေးကထပ်ကျဖို့တော့မလွယ်ဘူးဒါပေမယ့်တစ်ချက်ရှိတာကနယ်စပ်မှာရောက်နေတဲ့တစ်ချို့ဆန်တွေပြန်ဝင်လာရင်နဲနဲတော့ကျနိုင်တယ်ဒါပေမယ့်နယ်စပ်ကုန်သွယ်ရေးကလည်းတောက်လျှောက်အလုပ်ဖြစ်တယ်ဆန်တွေလည်းထွက်နေတယ်သွားနေတယ်ဆိုရင်တော့ပြည်တွင်းထဲကဈေးကွက်ကထိန်းရတော့ခက်လိမ့်မယ်လို့မိုးကောင်းဆန်ကုန်သည်တစ်ဦးကဆိုပါတယ်။ 

  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း   ဆန်ဈေးနှုန်းကြီးမြင့်လာနေပြီး စျေးနှုန်းတည်ငြိမ်စေရေးအတွက်  ဆန်စပါးကုန်သည်များအသင်း ၊ ကုန်စည်ဒိုင်များ၊  ဆန်စက်များ၊ ဆန်ကုန်သည်၊ ကုမ္ပဏီများနှင့် ပူးပေါင်းတိုင်ပင်လုပ်ဆောင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဧပြီလ၂၄ရက်နေ့တွင် ပြောဆိုထုတ်ပြန်ပါတယ်။ 

  “ မနှစ်တုန်းကနဲ့ယှဉ်လိုက်ရင်ဆန်ဈေးတွေကအကုန်နှစ်ဆတွေကြီးပဲလေအဲ့လိုဆိုတော့ဒါသူတို့လည်းအရမ်းကြီးထိန်းချုပ်နေနိုင်တယ်ဆိုတဲ့အတိုင်းအတာမှာတော့မရှိဘူးဟုဆန်ကုန်သည်တစ်ဦးက  ဆန်စပါးအသင်းရဲ့ထုတ်ပြန်မှုကိုတုန့်ပြန်ထားပါတယ်။ 

  မိုးကောင်းမြို့နယ်မှာ စပါးစိုက်ပျိုးဧက ခုနှစ်သောင်းခွဲကျော်ရှိပြီး စပါးတင်းပေါင်း  ငါးသန်းခွဲကျော်ထွက်ရှိတဲ့ ဒေသတစ်ခုလည်းဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

မိုးကောင်းမြို့နယ်နှင့် ထိစပ်နေတဲ့  မိုးညှင်းမြို့ နှင့် အင်းတော်ကြီးဒေသတွေမှာတော့ ရိုးရိုးဆန်တစ်အိတ် ၆၀၀၀၀ကျပ်၊  ဆန်ရင်း (ချင်းတုံး) ၆၃၀၀၀ကျပ် ၊ ငွေတိုး ၇၀၀၀၀ကျော်ဖြင့် ဈေးနှုန်းငြိမ်သက်မှုရှိနေသည်ဟု အင်းတော်ကြီးဒေသ ဆန်စက်များထံမှ သိရပါတယ်။ 

မိုးညှင်း၊ မိုးကောင်း နှင့် အင်းတော်ကြီးဒေသတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စပါးများနှုန်းတွေမြင့်တက်လာပြီး စျေးမငြိမ်မသက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *