ဧပြီ၅၊ပင်းဘော
မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာမှာ ဧပြီလ (၄) ရက်နေ့ နံနက် (၁၀)နာရီကျော်မှာ နေအိမ်တစ်လုံး မီးသတ်ကားမရှိတာကြောင့် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ အခုလောင်သွားတဲ့အိမ်က ပဲခူးစုကျေးရွာရဲ့ အပျိုလူပျိုရပ်ကွက်ပစ္စည်းတွေထားတဲ့အိမ်ကဟုတ်တယ်။ မီးသတ်ကားကလည်း Ready(အဆင်သင့်)ဖြစ်တဲ့ခါကျတော့ ပြာကျမှပဲ ငြိမ်းတော့တာ ၁၁နာရီလောက်ဆိုတော့ အကုန်ပြာကျသွားပြီ ၁၀နာရီ ၅မိနစ်မှာ လောင်တာ” လို့ ပင်းဘောဒေသခံတစ်ဦးကပြောပြပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ အရံမီးသတ်ရုံးနှင့် ကိုက်(၅၀၀)သာ ဝေးပြီး မီးသတ်ကားမကောင်းတာကြောင့် အခုလို မီးလောင်မှုကို မတားဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
“ ကားက စက်နိုးလို့မရဘူး၊ သုံးလို့မရဘူးပေါ့နော် မီးလောင်တဲ့နေရာကို ကားကမောင်လို့ မရဘူး ဘူတွေနဲ့တွန်း ပြီးသွားရတာ ကားကို၊ မီးသတ်ကားမတဲ့ဟာကြောင့် မဖြစ်သင့်တာတွေဖြစ်သွားတာ တကယ်လို့ ပေ ၁၅၀၀ ဆိုတော့ မီးသတ်ရုံးရှေ့တည့်တည့်ကြီးဖြစ်နေတာဗျာ၊ တကယ်လို့မီးသတ်ကားသာကောင်းမယ်ဆိုရင် အိမ်တစ်အိမ်လုံး ပြာကျသွားသွားအကြောင်းမရှိဘူး” လို့ ပင်းဘောပရိဟိတလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
ပွဲရှိနေသည့်အတွက်ကြောင့်သာ မီးငြိမ်းနိုင်ခဲ့တာဖြစ်ပြီး လူအင်အားများများဖြင့် မီးမငြိမ်းနိုင်ခဲ့ရင်အိမ်းမီးကူးသွားနိုင်တယ်လို့ သူကဆိုပါတယ်။
ပင်းဘောဒေသဟာ ကျေးရွာအုပ်စု ၂၁ စုနဲ့ဖွဲ့စည်းထားတဲ့ ဒေသစိတ်တစ်ခုဖြစ်ပြီး ဒေသပိုင် မီးသတ်ကားတစ်စီးမှ မရှိခြင်းကြောင့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ ကိုယ်ထူကိုယ်ထ မီးသတ်ကားတွေ လုပ်ဆောင်သွာမယ်လို့လည်းသိရပါတယ်။