ဇူလိုင်၈၊မိုးကောင်း
မြစ်ကြီးနားမြို့နယ်က တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းရဲ့ နေအိမ်ကို ဒီကနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။
ဦးတင်ထွန်းသိန်းရဲ့နေအိမ်မှာ စစ်ကောင်စီတပ်တွေလာကပ်သွားတဲ့ ဗီနိုင်းစာထဲမှာ နေအိမ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်အုပ်စုသတ်မှတ်အဖြစ်ကြေညာထားပြီး မြစ်ကြီးနားရဲစခန်းကအကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၄ နဲ့ ယာယီသိမ်းဆည်းထားတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၇ ရက်နေ့မှာလည်း မိုးကောင်းမြို့ အရှေ့ရပ်ကွက်မှာရှိတဲ့ မိုးကောင်းမြို့ NLD ပါတီ ဥက္ကဌဖြစ်တဲ့ ဒေါ်ခင်မကြီးရဲ့ နေအိမ်ကို စစ်ကောင်စီတွေက ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
“ ဒေါ်ခင်မကြီးအိမ်ကတော့ ပိတ်ထားတာတော့ကြာပြီ လူလည်းမနေဘူးထင်တယ်။ ဒီနေ့သွားတော့ အဲ့မှာ စာကပ်ထားတာတွေ့တယ်” လို့ မိုးကောင်းဒေသခံတစ်ဦးကပြောပြပါတယ်။
ဒေါ်ခင်မကြီးအိမ်ကို အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှုကြောင့် ချိတ်ပိတ်ပြီး နိုင်ငံပိုင်အဖြစ်သတ်မှတ်တာလို့ ကပ်ထားတဲ့ စာအရသိရပါတယ်။
စစ်အာဏာသိမ်းပြီးပြီးတဲ့နောက် ကချင်ပြည်နယ်ထဲမှာ လွတ်တော်ကိုယ်စားလှယ်နဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ် ၁၁ လုံးခန့် ချိတ်ပိတ်ခံထားရပြီလည်းဖြစ်ပါတယ်။