မိုးညှင်းခရိုင်ကုတင်၁၀၀ဆံ့ပြည်သူ့ဆေးရုံတွင်ဆရာဝန်အင်အားအလွန်နည်းနေ

စက်တင်ဘာ ၁၅ ၊ မိုးညှင်း 

မိုးညှင်းခရိုင် ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံမှာ  လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် အရေအတွက်ဟာ ဆေးရုံအုပ်အပါအဝင် သုံးဦးသာ ရှိနေပြီးမြို့ပေါ်လူဦးရေနဲ့ လုံလောက်မှု မရှိတာတွေနဲ့  ကြုံတွေ့နေရတယ်လို့ မိုးညှင်းမြို့မမြို့ဖတွေက ပြောဆိုပါတယ်။ 

လက်ရှိ ဆရာဝန်အရေအတွက်အနေနဲ့ ဆေးရုံအုပ်ကြီးတစ်ဦး ၊ ခွဲစိတ်ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ကျန်းမာရေးမှူး တို့သာ ရှိတယ်လို့ သိရပါတယ်။ 

ဆေးရုံကိုအဆင့်မြင့်ဆိုတာကလည်းဆရာဝန်တွေမရှိဘူးဆရာဝန်ကနှစ်ယောက်ပဲရှိတာလေခွဲစိပ်ဆရာဝန်နဲ့ဆေးရုံအုပ်နဲ့နောက်တစ်ယောက်လားပါ့ဒါပဲရှိတာပါ့လေကြည့်ရတာလုံးဝမရှိသလောက်ဖြစ်နေတာကျန်းမာရေးကဏ္ဍကတအားအားနည်းသလိုဖြစ်နေတယ်။လုံးဝကိုမရှိသလောက်ဖြစ်နေတာ။  မြစ်ကြီးနားမပြေးရင်မန္တလေးပဲပြေးရတာ။မလည်ပတ်တဲ့သဘောပါ့။လို့မြို့မိမြို့ဖတစ်ဦးကရှမ်းနီအသံကိုပြောပါတယ်။

ဆေးရုံအတွင်း ဆရာဝန်တွေမလုံလောက်မှုကြောင့် ခွဲစိတ်မှုတွေအတွက် မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိ ဆေးရုံများတွင် သွားရောက် ကုသနေရသလို ပြီးခဲ့တဲ့လတွေကလည်း ကလေးမွေးဖွားနိုင်ရေးအတွက်လည်း တခြားသာ မြို့က ဆေးရုံတွေနဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာ သွားရောက်မွေးဖွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

ဆရာဝန်အင်အားမရှိတာကြောင့် အပြင်ကနေ ဆရာဝန်နှစ်ဦး ငှားရမ်းထားရပြီး လည်ပတ်နေတာလို့  မကြာခင်က ဆေးရုံတက်ခဲ့သူတစ်ဦးက ပြောပြပါတယ်။

အခုကအပြင်ကဆရာဝန်နှစ်ယောက်ငှားထားတာမေ့ဆေးဆရာဝန်နဲ့နောက်တစ်ယောက်၊သူနာပြုတွေကတော့၂၀ယောက်လောက်ရှိတယ်၊အဆင်ပြေတာတော့ဘယ်ပြေမလဲလို့သူကပြောပြပါတယ်။ 

မိုးညှင်းခရိုင် ဆေးရုံကို ကုတင် ၂၀၀ ဆံ့တဲ့ဆေးရုံအဖြစ် အဆင့်မြင့်တင်ပေးဖို့ မြို့မိမြို့ဖတွေက  စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိ ဆေးရုံလက်ပတ်နိုင်ရေးအတွက်  တင်ပြပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။ 

မိုးညှင်းမြို့နယ်မှာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ဆရာဝန် အင်အား ၂၅ ဦးနဲ့  သူနာပြု အင်အား ၁၁၀ ကျော်ရှိခဲ့ပေမယ့် လက်ရှိမှာ သုံးပုံတစ်ပုံခန့်သာရှိတော့ကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *