မိုးညှင်းမြို့တွင်သွေးလွန်တုတ်ကွေးအဖြစ်များနေပြီးသေဆုံးသူများလည်းရှိနေ

ဩဂုတ် ၂၁၊ မိုးညှင်း 

  မိုးညှင်းမြို့တွင်  ခြင်ကြောင့်ဖြစ်ပွားသော သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုများ အဖြစ်များနေပြီး ရောဂါကြောင့် သေဆုံးသူများလည်း ရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

  “အခုကကျန်းမာရေးဌာနက ဆေးတွေဘာတွေလာမဖြန်းပေးတော့ဘူးလေ ရပ်ကွက်တွေထဲ မဖြန်းတော့ဖြစ်ကြပြီပါ့ နိုင်ငံရေးခြေနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလဲ မလောက်တော့ အယောက်တစ်ရာမှာ လေးဆယ်လောက်က ဖြစ်တယ်’ဟု မြို့ပေါ်ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ဆိုပါတယ်။

သွေးလွန်တုတ်ကွေးဖြစ်ပွားမှုကြောင့်  နမီးစုရပ်ကွက်တွင်းနေထိုင်သူ အသက်(၃၉)အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ဒီရက်အတွင်းဖြစ်ပွားခဲ့ပါတယ်။ 

  တုတ်ကွေးဖြစ်ပွားမှုတွေဟာ  သက်ကြီးရွယ်အိုများနှင့်  ကလေးသူငယ်များတွင် အများဆုံးဖြစ်ပွားနေသည်ဟု   သိရပါတယ်။

   ရောဂါဖြစ်ပွားမှုလက္ခဏာတွေက မျက်စိယားယံခြင်း၊ ညောင်းကိုက်ခြင်း၊ ရုတ်တရက်ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နားထင်ကိုက်ခြင်း၊ ခန္တာကိုယ်အရေပြားပေါ်တွင် အနီအစက်အပျောက်များ ဖြစ်ပေါ်ခြင်း စသည့်လက္ခဏာတွေကို ခံစားကြရသည်ဟု ဆိုကြပါတယ်။ 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ကလေး နှစ်ရာကျော်အပါအဝင် ဒေသခံအများအပြား ဖျားနာမှုတွေဖြစ်ပွားခဲ့ပါတယ်။ 

သွေးလွန်တုတ်ကွေးရောဂါကိုကာကွယ်ဖို့အတွက် ရေစည်ရေအိုးများကို ဖုံးအုပ်ထားခြင်း၊  တာယာခွံ၊ အိုးခြမ်းပဲ့များထဲက ရေသွန်ခြင်း၊ ဘုရားပန်း ညောင်ရေအိုးများကို ပုံမှန်လဲလှယ်ခြင်း၊ ပိုးလောက်လန်းများကို စစ်ခပ်ခြင်းတွေ ပြုလုပ်ပြီး ကြိုတင်ကာကွယ်မှုသင့်ကြောင်း ကျန်းမာရေးဌာနက အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *