မတ် ၁၀ ၊ မိုးညှင်း
မိုးညှင်းမြို့နယ် နမ္မားမြို့က ဖမ်းဆီးခံရတဲ့ လူငယ်သုံးဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲလိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
“ ဖမ်းခံရတဲ့ သုံးဦးကို ပုဒ်မ ၅၀၅ နဲ့ မနေ့ကတရားစွဲလိုက်တယ်တဲ့၊ တစ်ယောက်က စိုးထွန်းနိုင်၊ မပန်းသဇင် နဲ့ မဇင်မွန်ဦး သူတို့သုံးယောက် တစ်ယောက် မြစ်ကြီးနားမှာ ဖမ်းခံရတဲ့ဟာ” လို့ နမ္မားဒေသခံတစ်ဦးက ပြောပါတယ်။
မောင်စိုးထွန်းနိုင်နဲ့ မပန်းသဇင် တို့ နှစ်ဦးဟာ မတ်လ ၇ ရက်နေ့မှာ နမ္မားမြို့အဝင်လမ်းမှာ ဖမ်းဆီးခံရတာဖြစ်သလို မဇင်မိုးဦးက မြစ်ကြီးနားမြို့ ကားကွင်းကြီးထဲမှာ ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။
“ ဇင်မွန်ဦး ကိုက အာ့တာသတင်းပေးတာနဲ့ ကားဂိတ်မှာ သူဖုန်းသွားပါးတဲ့အချိန်ကို ရဲတွေကလာစောင့်ပြီးဖမ်းသွားတာ” လို့ မဇင်မိုးဦးရဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။
PDF တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်မှုရှိတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
နန်းမ္မားမြို့မှာ နိုင်ငံအရေးအကျဉ်းသား အမျိုးသား (၇)ဦး အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၀)ဦး မိုးညှင်းအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတယ်လို့လည်း သိရပါတယ်။