မိုးညှင်းမြို့နယ်နမ္မားမြို့ကရပ်ကျေးချုပ်ရေးမှူးတစ်ဦးကိုစစ်ကောင်စီကဖမ်းဆီး

ဖမ်းဆီးခံရသည့် ဦးဇော်နိုင်ကိုတွေ့ရစဉ်

ဇန်နဝါရီ ၁၁ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်၊ နန်းမ္မားမြို့ နန်းသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ကို စစ်ကောင်စီက ဇန်နဝါရီလ (၁၀)ရက်နေ့မှာ အာဏာဖီဆန်မှုနဲ့  ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ မနေ့တုန်းကနေ့လည်လောက်ကဖမ်းသွားတာတဲ့၊ ဖမ်းသွားတာက အာဏာဖီဆန်မှုတဲ့၊ သေချာတောင်မသိကြဘူး နော် အဲ့တာ ခေါ်သွားတာတောင်မှ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဦးဇော်နိုင်ကို နေ့လည်ပိုင်းအချိန် နေအိမ်မှာရှိနေစဉ်  စရဖများက ကြိုးတုတ်ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ် တယ်လို့ သိရပါတယ်။

ဦးဇော်နိုင်ဟာ နမ္မားမြို့ရဲ့ ကြက်ခြေနီအသင်း ဥက္ကဖြစ်ပြီး အာဏာမသိမ်းခင်ကာလများမှာ ကြက်ခြေနီလုပ်ငန်းများကို ဆောင်ရွက်နေတဲ့သူလည်း ဖြစ်ပါတယ်။

နန်းမ္မားမြို့မှာ နိုင်ငံအရေးအကျဉ်းသား အမျိုးသား (၇)ဦး အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၀)ဦး မိုးညှင်းအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတယ်လို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၃၆၀) ဦးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *