မိုးညှင်းမြို့နယ်မိုင်းနောင်ကျေးရွာတွင်လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့်အဆောက်အဦးပေါင်း(၅၂)ခုထိခိုက်ပျက်စီးမှုရှိခဲ့

ဧပြီ ၂၆ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာမှာ    ဧပြီလ၂၅ရက်နေ့  ညနေ(၄)နာရီတွင်  လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်  နေအိမ်များအပါအဝင် အဆောက်အဦးပေါင်း (၅၂)ခု ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဆီကနေ မှ သိရှိရပါတယ်။ 

လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသည့် လူနေအိမ်အများအပြားရှိသည့်အပြင်  ဘာသာရေးအဆောက်အဦးများလည်းပါရှိပြီး ဘုန်းကြီးကျောင်း ၊ သုသာန်၊ မီးသဂြိုလ်စက်ဂိုဒေါင်၊ ကျေးရွာလူမူရေးအသင်းအဆောင်နှင့် အပျိုလူပျိုအဆောင် အမိုးအကာများ ပြုတ်ထွက်လှန်ထွက်ခြင်း ၊ လျှပ်စစ်မီးတိုင်(၅)လုံး နှင့် မီးကြိုးများလည်း ပြတ်တောက် လဲကျခြင်းများ ဖြစ်ပွားခဲ့ပါတယ်။ 

“ လေမုန်တိုင်းတိုက်တယ်မိုးသီးကျတယ်တစ်နာရီဝန်းကျင်လောက်ရှိတယ်  လေပြင်းတယ်ဆိုးတယ်ဆိုးတာကဆိုးဆိုးဝါးဝါးပဲအကုန်လုံးသွပ်တွေလှန်သွားတာအကုန်လုံးကိုလေတိုက်လှန်သွားတာအမိုးတွေပြုတ်သွားတာပိုများတယ်’  ဟုမိုင်းနောင်ကျေးရွာသားတစ်ဦးကပြောပြပါတယ်။ 

လေပြင်းမုန်တိုင်းတိုက်ခတ်မှုဟာ အချိန်အားဖြင့် (၁)နာရီကျော်ကြာ ကြာမြင့်ခဲ့ပြီး  မိုးသီး အများအပြားကြွေကျမှုဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင်လည်း မိုင်းနောင်ကျေးရွာမှာ အခုလိုလေပြင်းမုန်တိုင်းတိုင်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ယာယီဈေးတစ်ခုလုံးနီးပါးနှင့် လူနေအိမ်ခေါင်မိုးများ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *