မတ် ၂၇ ၊ မိုးညှင်း
မိုးညှင်းမြို့နယ်မှာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်ဖွဲ့ဝင် ကိုလှမင်းထွန်းကို မိုးညှင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မတ်လ ၂၆ ရက်နေ့မှာ ညောင်ကုန်းကျေးရွာအနီးမှာ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။
“ကားကိုဝိုင်းပစ်တာ ပွဲချင်းပြီးသေသွားတာ သေနတ်လိုက်လုသေးတယ်လို့ပြောတယ် အဲ့ကောင်က ဖမ်းမိတာ ပထမတုန်းကမိထားပြီသားကို သေနတ်လုတာပြီးထွက်ပြေးတာလို့ပြောတယ် အဲ့တာနဲ့ လိုက်ပစ်သတ်လိုက်တာ တယောက်ကတော့ စရဖ ဆရာကြီးဆိုလား” လို့ PDF တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ CDM တွေကို ဖမ်းဆီးနှိပ်စက်မှုတွေပြုလုပ်နေတာကြောင့် ရှင်းလင်းလိုက်တာဖြစ်တယ်လို့ မိုးညှင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်တယ်။
“ပစ်သတ်ခံရတာ ကွင်းကြီးနဲ့ ညောင်ကုန်းကြားလေ။ သူက စရဖ သတင်းပေး သူကတစ်မြို့လုံးမှာ သတင်းပေးလုပ်နေတာ သူ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ စရဖ တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရမှုဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။