ဖေဖော်ဝါရီ ၂၂ ၊ မိုးညှင်း
ယနေ့နံနက်ပိုင်း (၈)နာရီကတည်းက ဈေးဆိုင်များအားလုံး နှင့် မြို့မဈေးကြီးလည်း ပိတ်ထားပြီး (၂၂.၂.၂ဝ၂၁ ) ရက်နေ့ (၂) ငါးလုံး သပိတ်ကို ပါဝင်ဆင်နွဲနေကြတယ်။
အာဏာသိမ်းပြီး (၂၂)ရက်နေ့မှ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ် အထွေထွေသပိတ်ကို ကျင်းပနေပါတယ်။
ပညာရေး ၊ ကျန်းမာရေး ၊ စိုက်ပျိုးရေး ၊ မီးရထား ၊ အင်ဂျင်နီယာများ စတဲ့ ဝန်ထမ်းပေါင်းများစွာနှင့် ပုဂ္ဂလိက လုပ်ငန်းများမှ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများ ပါဝင်ခဲ့ကြပါတယ် ။
စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံ ဆောင်ပုဒ်အမျိုးမျိုးဖြင့် ဟစ်ကြွေးတောင်းဆိုခဲ့ကြပါတယ်။