မိုးညှင်းမြို့နယ်အုန်းစံဆိုင်ကျေးရွာမှာမိုးသက်လေပြင်းကျပြီးဘုန်းတော်ကြီးကျောင်း၊စာသင်ကျောင်းနဲ့လူနေအိမ်တချို့ထိခိုက်ပျက်စီး 

မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာမှာ မတ်လ ၂၄ ရက်နေ့ညက မိုးသက်လေပြင်းကျရောက်မှုကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်း ၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

စာသင်ကျောင်းရော ဘုန်းကြီးကျောင်းရောပျက်စီးသွားတယ်။ အိမ်ကတော့ ကြီးကြီးမားမားဆိုတော့သုံးအိမ်လောက်ပျက်စီးသွားတာ  ၊အမိုးတွေပွင့်သွားတယ်။ အချိန်က ည ၁၀ နာရီခွဲလောက်ပေါ့နော် အကြာကြီးလည်းမဟုတ်ဘူး ။ တိုက်လိုက်တာနဲ့ ဆိုင်းမဆင့်ဗုံမဆင့်ပေါ့နော်လေရောမိုးရော ဝုန်းကနဲဆိုပြီးတိုက်လိုက်တာ “  လို့  အုန်းစံဆိုင်ကျေးရွာက ဦးကျော်ထွေးပြောပြပါတယ်။​

မိုးသက်လေပြင်းကျရောက်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း နဲ့ လူနေအိမ်တွေ အမိုးလှန်ပြီး ပျက်စီးသွားသလို ဓာတ်တိုင်တချို့လည်း ကျိုးကျခဲ့တယ်လို့ဆိုပါတယ် ။ 

အုန်းစံဆိုင်ကျေးရွာမှာ ၂၀၂၀ ခုနှစ်ကလည်း ဒီလိုမိုးသက်လေပြင်းကျရောက်မှုကြောင့် နေအိမ်တွေအမိုးလှန်ပြီး ထိခိုက်ပျက်စီးမှုမျိုးတွေဖြစ်ခဲ့ဖူးပါတယ်။​

အုန်းစံဆိုင်ကျေးရွာကို ရှမ်းနီဘာသာနဲ့  အုန်းဆန့်ဆိုင် မိုးညှင်းမင်းတရားကြီးရဲ့ ဆင်ရတနာ အပိုင်စားပေးထားတဲ့တော လို့အဓိပ္ပါယ်ရပါတယ်။ 

ဒီရွာက ရှမ်းနီတိုင်းရင်းသားတွေအများဆုံးနေထိုင်ပြီး ရှမ်းနီ စာပေ ၊ ဘာသာစကားနဲ့ ရိုးရှာယဉ်ကျေးမှုတွေ လက်ရှိတိုင်ကျန်ရှိနေတဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *