မိုးညှင်းမြို့နယ် နှင့် ဖားကန့်မြို့နယ် ကို Stay at home အစီအစဉ်မှ ပယ်ဖျက်

 မိုးညှင်းမြို့နယ်ရှိ ကွာလတင်းစတင်တစ်ခုကိုတွေ့ရစဉ်

မိုးညှင်း ၊ ဒီဇင်ဘာ ၂၇  

ကချင်ပြည်နယ်တွင် Stay at home သတ်မှတ်ထားသည့် နှစ်မြို့တည်းသော မိုးညှင်းမြို့နယ် နှင့် ဖားကန့်မြို့နယ်ကို ထိုအစီအစဉ်မှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ သည်။ 

ယခု Stay at home အစီအစဉ်ပယ်ဖျက်သည့် ယနေ့အချိန်ထိ မိုးညှင်းမြို့နယ်တွင် ကူးစက်လူနာ ၄၅ ဦးထိ ရှိပြီး (၄ဝ) ဦး ပြန်လည်သက်သာခဲ့သည်။ 

ဖားကန့်မြို့နယ်တွင်လည်း  ၃၇၈ ဦးထိရှိပြီး ၃ဝဝ ဦး သက်သာကာ တစ်ဦးသေဆုံးခဲ့သည်။ 

Stay at home ပယ်ဖျက်သည်ဟုဆိုသော်လည်း ဖားကန့်မြို့နယ်ရှိ  ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၃) ခုကို Stay at home အစီအစဉ်တွင် ဆက်လက်ထားရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖားကန့်မြို့နယ်တွင် Stay at home သတ်မှတ်ထားသည့် ၆၉ ရက်အတွင်း ကူးစက်လူနာ ၃၂၁ ဦးထိရှိခဲ့ပြီး မိုးညှင်းမြို့နယ်တွင် ၂၈ ဦးထိမြင့်တက်ခဲ့သည်။ 

Stay at home အစီအစဉ်သတ်မှတ်သည့် အောက်တိုဘာ ၁၉ ရက်နေ့တွင်  မိုးညှင်းမြို့နယ်တွင် Covid19 ကူးစက်လူနာ ၁၇ ဦးရှိပြီး (၁၄) ဦးပြန်လည်သက်သာကာ ၊ ဖားကန့်မြို့နယ်တွင် လူနာ  ၅၇ ဦးရှိခဲ့သော်လည်း (၅၂) ဦးထိ သက်သာထားသည်။  

Leave a Reply

Your email address will not be published. Required fields are marked *