မိုးညှင်းမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၊ ခေါက်ဆွဲဆိုင်များအားလုံးကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဟုညွှန်ကြားထားပြီး (၂)ရက်အကြာမှ ပါဆယ်စနစ်ဖြင့် ရောင်းချမှုတွေကို ဆိုင်တွေက ပြုလုပ်ခဲ့ ကြကြောင်းသိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအားလုံးကို ပါဆယ်စနစ်ဖြင့် ရောင်းချရန်အတွက် စက်တင်ဘာလ ၁၁ ရက်နေ့ကတည်းက ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၁၄ ရက်မှသာ ထိုညွှန်ကြားချက်ကို ထုတ်ခဲ့ပြီး ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ပြီး ပါဆယ်စနစ်ဖြင့် ရောင်းချမှုပြုလုပ်ခဲ့ကြသည်။
ထိုသို့ညွှန်ကြားမှုတွေကိုတွေ မလိုက်နာပါက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။
မိုးညှင်းမြို့နယ်တွင် လက်ဖက်ရည်ဆိုင် (၉ဝ)ဆိုင်နှင့် စားသောက်ဆိုင် (၈ဝ) ဆိုင်ရှိကြောင်း မိုးညှင်းမြို့ နယ် ပြန်ကြားရေးနှင့် ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ သိရသည်။