မိုးညှင်းမြို့လျှပ်စစ်ရုံးအနီးပေါက်ကွဲမှုဖြစ်ပွား 

နိုဝင်ဘာ ၂၀ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ် လျှပ်စစ်ရုံးအနီး နဲ့ ဘုရားသုံးဆူအနီးမှာ နိုဝင်ဘာ ၁၉  ရက်နေ့ ညခြောက်နာရီကျော်အချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ 

“ လျှပ်စစ်ရုံးနဲ့ ဘုရားသုံးဆူကြားမှာ ပေါက်ကွဲတာတဲ့ ၊ အသံမိုင်းလို့လဲပြောတယ်၊ ဒရုန်းနဲ့လာချတာလို့လည်းပြောတယ်၊ သေချာမသိသေးဘူး၊ လူထိတာတွေတော့မရှိဘူး”​ လို့ မိုးညှင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပွားပြီးခြင်းခြင်းမှာပဲ လျှပ်စစ်ရုံးအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သေနတ်သံတွေလည်း ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။​

နိုဝင်ဘာ၂၀ ရက်နေ့မှာ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာအနီးတဝိုက်က နေအိမ်တွေကို စစ်ကောင်စီတပ်တွေက စုံစမ်းမေးမြန်းမှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ 

ဒီလိုဖေါက်ခွဲမှုက ဘယ်သူတွေရဲ့ လုပ်ဆောင်မှုဖြစ်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

မိုးညှင်းမြို့မှာ ဒီပေါက်ကွဲမှုမဖြစ်ပွားခင် ရက်ပိုင်းကလည်း စာတိုက်ရုံးအနီးမှာ ဝဲနေတဲ့ ဒရုန်းတစ်စင်းကို စစ်ကောင်စီတပ်တွေပစ်ချခဲ့တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *