စက်တင်ဘာ ၁ ၊ မိုးညှင်း
မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် အထက (၃) ကျောင်းအရှေ့တွင် အမျိုးသားတစ်ဦး ဩဂုတ်လ ၃၁ ရက်နေ့ညမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
“ အုတ်ကျင်းကျောင်းအရှေ့ ကုက္ကိုလ်ပင်အနားမှာဖြစ်တာ ပွဲချင်းပြီးသေတာ။ သူကတခြားအဖွဲ့အစည်းနဲ့ ဆက်စပ်တယ်တော့မရှိဘူး။ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကတော့ပြောလို့မရဘူးပေါ့လေ” လို့ အုတ်ကျေးရပ်ကွက် ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့ ည (၇) ဝန်းကျင်အချိန်မှာ ကိုစောလင်းအောင်က စားစရာသွားဝယ်ပြီးအပြန်မှာ အမည်မသိသေနတ်သမားတွေရဲ့ အချက်များစွာပစ်ခတ်မှုကြောင့် ကျော်ဘက်ကနေ ရင်ဘကတ်ကို ကျည်ဖက်ထွက်ဒဏ်ရာ (၁) ချက်၊ ဦးခေါင်းနောက်စေ့ကနေ နဖူးရှေ့ကို ကျည်ဖောက်ထွက်ဒဏ်ရာ (၂) ချက် ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကိုစောလင်းအောင်က အုတ်ကျင်းရပ်ကွက်ထဲမှာ မိဘမေတ္တာဆိုင်ကယ်ပြင်ဆိုင်ဖွင့်လှစ်ထားပြီး အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးလည်းဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် သူ့ရုပ်အလောင်းကို မိုးညှင်းမြို့ ရင်ခွဲရုံမှာပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ဒီလိုပစ်ခတ်မှုက မိုးညှင်းမြို့မှာ ပထမဆုံးအကြိမ်ပစ်ခတ်မှုလည်းဖြစ်ပြီး ပစ်ခတ်ရတဲ့အကြောင်းအရင်းနဲ့ အဖွဲ့အစည်းကိုတော့ မသိရှိရသေးပါဘူး။