မေ ၆ ၊ မိုးမောက်
ယနေ့နံနက်ပိုင်း (၆) နာရီကတည်းက စပြီး (၁ဝ) နာရီအချိန်အထိ စစ်ကောင်စီတပ်များက တာဝါတိုင်ကုန်းဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက သတင်းပေးပို့ကြသည်။
“ မနက်ကတည်းက စပြီးလက်နက်ကြီးနဲ့ပစ်နေတာ အချက်တစ်ရာကျော်နေပြီ ရိုးရိုး RPG အသံတော့ မဟုတ်ဘူး ၊ တစ်ခါတစ်ခါ မြေကြီးပါတုန်သွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ လက်နက်ကြီးများကို မည်သည့်နေရာမှ ပစ်ခတ်နေသည်ကို အတိအကျမတွေ့ရသော်လည်း ပေါက်ကွဲသွားနေသည့် အသံများနှင့် နေရာများကို တွေ့မြင်ကြားသိရကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီ၏ တပ်မ ၇၇ ၊ ၈၈ တို့ အင်အားဖြည့်ထားပြီး မြေပြင်အပါအဝင် ဝေဟင်တိုက်ခိုက်ရေး လေယာဉ်အမျိုးမျိုးဖြင့် တိုက်ခိုက်လျှက်ရှိနေသည်။
ထိုမြို့သစ်၊ စီဟက် ၊ ကုန်းလော စသည့်ကျေးရွာများတွင် ဧပြီလ ၁၁ ရက်နေ့ကတည်းကစပြီး တိုက်ပွဲ ပြင်းထန်နေသည်မှာ ယနေ့အချိန်ထိပင်ဖြစ်သည်။
ထိုတိုက်ပွဲများကြောင့် ရှမ်းစစ်ဘေးရှောင် အိမ်ထောင်စုအနည်းဆုံးငါထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။