မိုးမောက်မြို့ပေါ်ကိုစစ်ရှောင်လာသူတွေကို  ရှမ်းအရပ်ဘက်အဖွဲ့အစည်း စုပေါင်းကူညီ

နိုဝင်ဘာ ၈ ၊ မိုးမောက် 

မိုးမောက်မြို့ပေါ်ကိုရောက်ရှိလာခဲ့ကြတဲ့ စစ်ဘေးတိမ်းရှောင်နေသူတွေကို ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ကူညီလှူဒါန်းခဲ့တယ်လို့သိရပါတယ်။ 

“ လှူတာကတော့ ဆန်ရယ်၊ ဆီရယ်၊ ဆားရယ် ခေါက်ဆွဲထုတ်တွေသွားလှူပေးခဲ့တယ်။ တန်ဖိုးကတော့ ငါးသိန်းကျော်လောက်ပဲခင်ဗျာ့​“ လို့ နမ့်တာပိန်ရှမ်းသာရေးနာရေးအသင်း-မန်နောင်က ခေါင်းဆောင်တစ်ဦးက ပြောပြပါတယ်။ 

နမ့်တာပိန် ရှမ်းသာရေး နာရေးအသင်း-မန်နောင်  နဲ့ ကုန်းလောကျေးရွာလူငယ်များမှ စုပေါင်းအလှူခံပြီးရရှိတဲ့ လှူဖွယ်ပစ္စည်းတွေကို အိမ်ထောင်စု ( ၁၁၁ ) စုအတွက် ဆန် ( ၁၀ အိပ် ) ဆီ ( ၁ပုံး ) ဆား (  ၂၅ အိပ် ) ခေါက်ဆွဲခြောက်သုံးဖာ နိုဝင်ဘာလ ၇ ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မိုးမောက်မြို့နယ်ထဲစစ်ပွဲတွေကြောင့် စစ်ရှောင်ဦးရေတွေဟာ ပြန်လည်တိုးလာနေသလို စစ်ဘေးရှောင်စခန်းကိုမသွားပဲ နီးစပ်ရာဆွေမျိုးတွေဆီကိုသွားရောက်နေထိုင်ကြသူတွေလည်းရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီပေးသူတွေက ပြောကြပါတယ်။ 

လက်ရှိမှာ တိုက်ပွဲတွေက တည်ငြိမ်နေပြီး နေရပ်ပြန်ဖို့အတွက် အချိန်စောင့်ကြည့်ရအုံးမှာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုထားကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *