မိုးမောက် – လွယ်ကျယ်လမ်းပိုင်းဆိုးဆိုးရွားရွားပျက်စီးနေ 

Photo Credit- Day Aung San

မေ ၁၄ ၊ မိုးမောက် 

မိုးမောက်မြို့နယ် နဲ့ လွယ်ကျယ် နယ်စပ်ကုန်သွယ်ရေးကို သွားတဲ့ လမ်းပိုင်းတွေ ဆိုးဆိုးရွာရွားပျက်စီးနေတာကြောင့် လမ်းခရီးအခက်ကြုံနေရတယ်လို့ သိရပါတယ်။ 

“ ကျောက်စခန်း နဲ့ လောဒန်ကြားမှာ ၊ ဖို့မြေတွေလေ ၊ ဟိုတစ်လောက မြေဖို့ထားလို့ ၊ အခုမိုးရွာတော့ အဲ့လိုဖြစ်သွားတာ “​ လို့ ကားသမားတစ်ဦးက ရှမ်းနီအသံရဲ့ မေးမြန်းမှုကို စာနဲ့ ပြန်ဖြေခဲ့ပါတယ်။ 

ဒီလမ်းပိုင်းမှာ ပွက်တွေထပြီး ကားသေးကားကြီးသွားလာရာမှာ တစ်စီးပိတ်ပြီး နောက်ထပ်တစ်စီးထပ်ပိတ်မှုတွေကြောင့် မနေ့က လမ်းပိုင်းမှာ ညအိပ်ရသူတွေလည်းရှိတယ်လို့ သိရပါတယ်။ 

ဒီလမ်းပိုင်းတွေကို ပြုပြင်ဖို့ ၂၀၁၉ ခုနှစ်က တရုတ်ကုမ္ပဏီဖြစ်တဲ့ ဟုန်ရှင်းကျန်းဖ နဲ့ စာချုပ်ချုပ်ဆိုထားကြပြီး Covid 19 ကြောင့် ရပ်ဆိုင်းမှုတွေရှိခဲ့ပါတယ်။ 

လွယ်ကျယ်ကုန်သွယ်ရေးစခန်းကလည်း ဇန်နဝါရီလမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးလုပ်ငန်းတွေပြန်စတာကြောင့် လမ်းအသုံးပြုမှု ပိုမိုများပြားလာခဲ့တာလည်းဖြစ်ပါတယ်။ 

မိုးမောက် နဲ့ လွယ်ကျယ်က ၄၇ မိုင်နဲ့ ၄ ဖာလုံတာကွာဝေးပြီး ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူး၊ ငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ တွေကို မြန်မာနိုင်ငံက အဓိကတင်ပို့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *