မော်လိုက်မြို့ထော်သာကျေးရွာကပျူစောထီးသင်တန်းပေးနေတဲ့နေရာတွေကို PDF တွေတိုက်ခိုက်

PDF များသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ Photo Credit – Kalaywa PDF/facebook page

မတ်၁၅ ၊ မော်လိုက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း မော်လိုက်မြို့နယ် ထော်သာကျေးရွာက စစ်ကောင်စီတပ်တွေ ပျူစောထီးသင်တန်းပေးနေတဲ့ နေရာကို PDF တွေတိုက်ခိုက်ခဲ့တယ်လို့ PDF တွေက ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မနေ့ကမနက် ၄ နာရီခွဲအချိန်မှာ မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ Mawlaik People Defence Force နဲ့ ကလေးဝ PDF တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကနေ စစ်ကောင်စီ ဗိုလ်တစ်ဦး ၊ ပျူစောထီး ၃ ဦး တို့သေဆုံးပြီး လက်နက်တွေလည်းသိမ်းဆည်းရမိကြောင်းရေးသားထားပါတယ်။ 

ကာဘိုင်သေနတ် ၅ လက် ၊ ကာဘိုင်ကျည် ၈၅၀ နဲ့  5.56 ကျည် ၃၉၀ ထောင့် ၊ ဗုံးသီးနဲ့  ဖုန်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ပျူစော်ထီးအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ 

မနေ့က တစ်ရက်တည်းမှာပဲ မြန်မာနိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲ (၇)နေရာမှာဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေအများအပြားသေဆုံးတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *