မြစ်ကြီးနားမြို့ရှိနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာနေ့စဉ်နီးပါးလူပြည့်နေပြီးလူငယ်အများဆုံးဖြစ်နေ 

စက်တင်ဘာလ ၂၀ ရက်နေ့ မြစ်ကြီးနား Passport ရုံးမှာတန်းစီနေရမှုများ

စက်တင်ဘာ ၂၀ ၊ မြစ်ကြီးနား

မြစ်ကြီးနားမြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ Passport လာရောက်ပြုလုပ်သူ နေ့စဉ်နီးပါးပြည့်နေပြီး အများစုက လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။​

“ ကျနော် passport သက်တမ်းတိုး သွားတာ သုံးရက်ရှိပြီလူများလို့မတိုးနိုင်ဘူး၊ ဝိုင်းမော်အနေနဲ့တော့ ရှမ်းများပါတယ်” လို့ ဝိုင်းမော်မြို့နယ်က ရှမ်းလူငယ်တစ်ဦးက ပြောပြပါတယ်။ 

ဒီရုံးမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့အတွက် မနက် ၃ နာရီကတည်းက တန်းစီနေစောင့်ဆိုင်းနေကြတာလို့ဆိုပါတယ်။ 

Passpost စာအုပ်လုပ်ပြီးရင် လူငယ်အများစုက ထိုင်း ၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ ကိုးရီးယား နှင့် ယူအေအီး စတဲ့ နိုင်ငံတွေမှာ အလုပ်သွားရောက်လုပ်ကိုင်ကြမှာလို့ လူငယ်တွေရဲ့ မိသားစုဝင်တွေ ပြောဆိုကြပါတယ်။ 

“  တော်တော်လေးကိုများတယ်။ ၇၀ ၈၀ ရာခိုင်နှုန်းလောက်ကိုသွားကြတယ်။ ရွာထဲမှာ လူငယ်တွေကိုမရှိတော့ဘူး၊ နိုင်ငံရေးကအခြေအနေမကောင်း ၊ ပညာရေးက ကောင်းကောင်းမွန်မွန်မသင်ရ ၊ စီးပွားရေးကမကောင်းဆိုတော့ နိုင်ငံခြားကိုထွက်ပြီး ငွေရှာကြတာ” လို့ ဝိုင်းမော်မြို့နယ်ခတ်ချိုဒေသခံတစ်ဦးက ပြောပြပါတယ်။ 

Passport စာအုပ်လုပ်တဲ့ရုံးမှာ တစ်ရက်ကို လူ နှစ်ရာအထက်ရှိပြီး  တစ်ရက်ထက်တစ်ရက် လာရောက်လုပ်သူတွေများနေတယ်လို့ လေးရက်ဆက်တိုက် စာအုပ်လုပ်ဖို့ တန်းဆီလုပ်နေသူတစ်ဦးက ပြောပြပါတယ်။ 

မြစ်ကြီးနားမြို့နည်းတူ ပြည်နယ်နဲ့ တိုင်းဒေသ နိုင်ငံကူးလက်မှတ်ထုတ်ပေးကြတဲ့  ရုံးတွေမှာလည်း Passpost. လုပ်သူ နေ့စဉ်ရာနှင့်ချီတန်းစီးစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Passport ရုံး ၂၀ ရှိပြီး  ရန်ကုန်မြို့အတွက်သာ အွန်လိုင်းစနစ်နဲ့ ရက်ချိန်းစနစ်နဲ့ လုပ်ဆောင်နေကြရကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *