ဇန်နဝါရီ ၁၃ ၊
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အသစ်ဖြစ်တဲ့ မစ္စနိုလင်းဟေဆာ နဲ့ အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားဝန်းကြီးချုပ် တို့ ဒီနေ့မှာ အွန်လိုင်းကနေတွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံ နိုင်ငံတစ်ဝှမ်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ အပါအဝင် စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေ ဆက်လက် ပြင်းထန်လာမှာကို အထူးစိုးရိမ်နေတဲ့အကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေကြားက သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ နဲ့ ဒေသတွင်း အားထုတ်မှု ခိုင်မာအောင် ကူညီဖို့ အသင့်ရှိတဲ့အကြောင်းလည်း အထူးကိုယ်စားလှယ်က ပြောဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးရေးဆိုင်ရာ ကိစ္စရပ်များ ၊ စားနပ်ရိက္ခာနဲ့ Covid19 ကပ်ရောဂါဆိုင်ရာ အကူအညီပေးရေးလမ်းကြောင်းကိစ္စကိုလည်း ပြောဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မကြာခင် ကပဲ မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ အမြင့်ဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီးတော့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးကိစ္စရပ်တွေကို စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြတာပါတယ်။
ကမ္ဘောဒီးယားဘက်က ဒီနေ့တွေ့ဆုံမှုထုတ်ပြန်ချက်မှာ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ရည်ရွယ်ချက်က မြန်မာပြည်မှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးအပ်နိုင်ရနေးအတွက် အပစ်ခတ်ရပ်စဲရေးရရှိဖို့ဖြစ်ကြောင်း အထူးကိုယ်စားလှယ် နိုလင်းဟေစာကိုပြောဆိုထားတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ခရီးစဉ်မှာ စစ်ခေါင်းဆောင်တွေဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ခတ်ရပ်စဲရေး ဒီနှစ်ကုန်ထိ တိုးမြင့်သွားဖို့ ပြောဆိုခဲ့ပါတယ်။
သို့သော်လည်း စစ်ကောင်စီက ကရင်ပြည်နယ် ၊ကရင်နီ ၊နဲ့ ရှမ်းမြောက်ဒေသတွေမှာ လေကြောင်းထိုးစစ်ဆင်မှုတွေကဆက်တိုက်ရှိနေသလို မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာလည်း တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပါတယ်။