
ဇူလိုင် ၃ ၊ မန္တလေး
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေးမြို့နဲ့ ၁၅ မိုင်ဝန်းကျင်အကွာကနေ ရက်ချက်တာစကေး ၄.၈ အင်အားရှိတဲ့ ငလျင်တစ်ခု ဒီနေ့မနက်ပိုင်း မှာ ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားကြရပြီး မန္တလေးမြို့ပေါ်က လူထုတွေ ကွင်းပြင်တွေဆီကို ပြေးထွက်ခဲ့ကြရပါတယ်။
မြန်မာမှာ ငလျင်လှုတ်ခတ်မှု အကြိမ်ရေလျော့ကျလာနေသော်လည်း ငလျင်လှုပ်ခတ်မှု ပြင်းအားတွေဟာ အင်အာအသင့်အတင့်ရှိနေဆဲလည်းဖြစ်ပါတယ်။
တစ်ပတ်အတွင်းမှာ ရက်ချက်တာစကေး အင်အား ၄.၈ ရှိတဲ့ ငလျင်နှစ်ခုနဲ့ ရက်ချက်တာစကေး ၄ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။
မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၉၈ ခုအထိရှိနေတာလည်းဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်မှု သုံးလကျော်ကြာမြင့်လာသည်အထိ ပျက်စီးနေတဲ့ တိုက်တာအဆောက်အဦးရှင်းလင်းမှုတွေ ပြီးစီးသေးခြင်းမရှိသလို ငလျင်ဘေးရှောင်သူတွေတချို့လည်း နေအိမ်တွေဆီမပြန်နိုင်သေးတဲ့အခြေအနေမှာဆက်ရှိနေဆဲ အခြေအနေဖြစ်ပါတယ်။
