မြန်မာပြည်တွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေးငယ် ၅ သိန်းကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ Save the Childern အဖွဲ့က နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောဆိုပါတယ်။
စစ်ဘေးတိမ်းရှောင်ထွက်ပြေးရသူတွေဟာ တောထဲမှာ ယာယီအမိုးအကာတွေနဲ့ နေထိုင်ကြပြီး ငတ်မွတ်ခေါင်းပါးမှု၊ ဖျားနာမှုနှင့် လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ်ခံရခြင်းစတဲ့ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ Save the Children က ဆိုပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရတဲ့ စစ်ရှောင် ၁ သန်းကျော်ထဲမှာ ကလေးသူငယ်အရေ အတွက်က တစ်ဝက်နီးပါးပါဝင်နေတာဖြစ်ပါတယ်။
အဲ့ဒီထဲက ကလေးငယ် ၂ သိန်း ၆ သောင်းနီးပါးဟာ ပြီးခဲ့တဲ့ ၉ လအတွင်း စစ်ရှောင်ခဲ့ကြရသူတွေလို့လည်း ဆိုပါတယ်။
“ လူတွေက သူတို့ရဲ့ နေအိမ်တွေကို ပေါ့ပေါ့တန်တန် ထားခဲ့ဖို့ ဆုံးဖြတ်ချက်ကို မချကြပါဘူး ၊ ကလေးတွေ ထွက်ပြေးမှုတိုးလာတာဟာ မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြောင့် သူတို့ရဲ့ အသက်အန္တရာယ်ကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်နေပါတယ်။” လို့ Save the Children’s Asia ပရိုဂရမ် ဒါရိုက်တာ Olivier Franchi ကပြောပါတယ်။
နိုဝင်ဘာလမှာကျင်းပဖို့ရှိနေပတဲ့ အာဆီယံထိပ်သည်းအစည်းအဝေးကနေ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း ကလေးသူငယ်တွေရဲ့ ရပိုင်ခွင့်တွေကို အကာကအွယ်ပေးတဲ့ ဆုံးဖြတ်ချက်ချဖို့ကို တောင်းဆိုထားပါတယ်။