မြန်မာမှာကိုဗစ်ကူးစက်မှုနှစ်ရက်အတွင်း (၃၀) နီးပါးမြင့်တက်လာ 

၂၀၂၁ ခုနှစ် ကိုဗစ် တတိယလှိုင်းမှာ ကလေးငယ်တစ်ဦး ကိုဗစ်ဆေးနေစဉ်

ဇူလိုင် ၁၉ ၊ ရန်ကုန် 

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ကိုဗစ် 19 ကူးစက်မှုက ၃၀ ဦးထိ မြင့်တက်လာခဲ့တယ်လို့ စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ထုတ်ပြန်နေတဲ့ စာရင်းတွေအရ သိရပါတယ်။ 

ဇူလိုင်လ ၁၇ ရက်နေ့မှာ (၇) ဦးနဲ့  ဇူလိုင်လ ၁၈ ရက်နေ့မှာ (၂၂) ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်တာလည်းဖြစ်ပါတယ်။ 

ပိုးတွေ့ရှိသူတွေက ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံက ပြန်လာသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲ အိုမီခရွှန်မျိုးရိုးဗီဇပြောင်းပိုး BA.4 နဲ့ BA.5 ကူးစက်မှုတွေရှိလာပြီးတဲ့နောက် တဖြည်းဖြည်းမြင့်တက်လာခဲ့တာ လည်း ထုတ်ပြန်ထားတဲ့ ကိုဗစ်ကူးစက်မှုစာရင်းတွေအရ သိရပါတယ်။ 

ဒီမျိုးကွဲက အလွန်ကူးစက်မြန်ပြီး ထိုင်းနိုင်ငံမှာလည်း ကူးစက်မှုမြင့်တက်နေတာဖြစ်ပြီး ထိုင်းနိုင်ငံကနေ ပြန်ရောက်လာသူတွေအများစုမှာ ဒီလိုကူးစက်မှုတွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီကျန်းမာရေးဌာနကလည်း ဒီမျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နှင့် သူရဲ့ မျိုးစိတ်အသစ်များကိုကာကွယ်ဖို့ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံလို့ ထပ်ဆောင်းကာကွယ်ဆေးကိုပါထိုးနှံမှ ထိရောက်စွာကာကွယ်နိုင်တာကြောင့် ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနေပါတယ်။ 

ဒီအိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.4 နဲ့ BA.5 ကတော့ မူလ အိုမီခရွန်ရောဂါ လက္ခဏာတွေနဲ့ သိပ်ကွာခြား တာမရှိဘဲ နှာစေးတာ၊ ချောင်းဆိုတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ အားအင်ကုန်ခန်းတာ၊ ကြွက်သား နာကျင်ကိုက်တာ စတဲ့လက္ခဏာတွေတွေ့ရတယ်လို့ ကျန်းမာရေးဌာနတွေက ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *