
မတ် ၂၃ ၊ နယူးယောက်
စစ်တပ်အာဏာသိမ်းပြီး (၂) နှစ်ကျော်အကြာမှာ မြန်မာ့လူဦးရေရဲ့ ထက်ဝက်ခန့်က ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်ကို ရောက်ရှိနေပြီး ဒီအခြေအနေတွေကြောင့် အမျိုးသမီးငယ်တွေ လူကုန်ကူးခံရမှု အန္တရာယ်ဟာ စိုးရိမ်မှုအခြေအနေမှာရောက်နေတယ်လို့ မြန်မာ့ကုလသံအမတ် ဦးကျော်မိုးထွန်းကပြောပါတယ်။
မတ်လ ၂၁ ရက်နေ့က ကုလသမဂ္ဂ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာကို မိတ်ဆက်တဲ့ အခမ်းအနားမှာ မြန်မာ့အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာစစ်တပ်က နယ်စပ်ဖြတ်ကျော်မှုခင်းတွေအတွက် နယ်မြေအဖြစ် ဖန်တီးပေးနေပြီး မြန်မာဟာ နယ်စပ်ဖြတ်ကျော်မှုခင်းတွေရဲံ ဦးတည်ရာနေရာဖြစ်လာခဲ့တာ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန်အစိုးရက ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှုအစီရင်ခံစာ မြန်မာ့နိုင်ငံဟာ လူကုန်ကူးခံရမှု အခြေအနေအဆိုးအဆင့်မှာရှိနေပြီး ဒီအဆင့်က ၂၀၁၈ ခုနှစ်ကတည်းက မှာ ထည့်သွင်းထားတာဖြစ်ပြီး အပြောင်းအလဲမရှိခဲ့ပါဘူး။
မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတချို့မှာ မြန်မာနိုင်ငံသားအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားနိုင်ငံသားတချို့တချို့လည်း လူကုန်ကူးခံရမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားကြပါတယ်။