ဇူလိုင် ၂၈ ၊ ရန်ကုန်
မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် ၁၈ ရာခိုင်နှုန်းကြုံသွားနိုင်ပြီး လူတစ်သန်းခန့် အလုပ်အကိုင်ဆုံးရှုံးနိုင်ကြောင်း အစီရင်ခံစာတစ်ခုကို ကမ္ဘာ့ဘဏ်ကဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းပြီး နိုင်ငံရေး ကသောင်းကနင်းဖြစ်နေမှု နှင့် ကိုဗစ် ၁၉ တတိယလှိုင်းကြောင့် မြန်မာ့စီးပွားရေး အထိနာစေသည်ဟုဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့ကျပ်ငွေတန်ဖိုးကျလာခြင်းနှင့်အတူ လောင်စာဆီ အပါအဝင် တချို့သွင်းကုန်များစျေးမြင့်တင်လာခဲ့သည်။
လက်ရှိရင်ဆိုင်နေရသည့် ကိုဗစ် ၁၉ တတိယလှိုင်းကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေး ခိုင်ခိုင်မာမာမရှိနေသည့် အခြေအနေတွင် လူ့အသက်များ နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ နှင့် စီးပွားရေးလုပ်ငန်းတချို့ကို ချက်ခြင်းလက်ငင်း ခြိမ်းခြောက်နေကြောင်း ဆိုထားသည်။
လယ်သမားများသည်လည်း သီးနှံများ လက်ကားစျေးထိုးကျခြင်း နှင့် သွင်းကုန်းစျေးမြင့်တက်မှုများ နှင့်ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ထားသည်။
အာဏာသိမ်းမှုကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း ကြိုးပမ်းခဲသည့် တိုးတက်မှုကို ပျက်စီးသွားစေနိုင် ကြောင်း ရေးသားထုတ်ပြန်ထားသည်။