မြန်မာ့ဒီမိုကရေစီအရေးအမေရိကန်ကဒေါ်လာ၁၃၆သန်းကူညီမယ် 

မတ် ၁၄ ၊ ရန်ကုန် 

အမေရိကန် ကွန်ကရက်လွတ်တော်အတည်ပြုခဲ့တဲ့ ဘတ်ဂျက်တွေထဲမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဒေါ်လာ ၁၃၆ သန်း အကူအညီပေးမယ့်အစီအစဉ်ပါဝင်နေတယ်လို့ NUG ကိုယ်ပိုင်မီဒီယာဖြစ်တဲ့ PVTV က မနေ့က ရေးသားထားပါတယ်။ 

ဒီအတည်ပြုတဲ့ ဘတ်ဂျက်ကိုလည်း  ဒီရက်ပိုင်းမှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးအတည်ပြုဖို့ရှိနေပါတယ်။ 

အကူအညီပေးမယ့် ဘတ်ဂျက်အစီအစဉ်မှာ ပြည်နယ်တွေအတွင်းက တိုင်းရင်းသားလူမျိုးစုတွေ၊ မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လေးစားတတ်ဖို့အတွက်နဲ့ ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးတိုက်ဖျက်ဖို့ ၊ ထိုင်းနယ်စပ်ဒေသကို ရောက်လာတဲ့ ရွေ့ပြောင်းဒုက္ခသည်တွေကူညီပေးဖို့ စတာတွေပါဝင်ပါတယ်။​

ဒီလိုကိစ္စမှာ ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေထဲမှာ NUG  ,  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၊ CRPH , စီီဒီအမ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်တယ်လို့ဆိုပါတယ်။  

NUG ဘက်ကတော့ ပြည်ပနိုင်ငံတွေက ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာတွေမှာ ကူညီထားတာတွေမရှိသေးလို ၊ ၎င်းတို့လုပ်ဆောင်နေသည့် လုပ်ငန်းတွေကလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့လို့ ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *