မြန်မာ-ထိုင်းနယ်စပ်က  (KK Park)ကို စစ်ကော်မရှင်ဝင်ရောက်စီးနင်း

အောက်တိုဘာ ၂၀၊ မြဝတီ

ကျားဖြန့်လုပ်ငန်းတွေနဲ့နာကျော်တဲ့ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်းက KK Park လောင်းကစားရုံထဲမှာ အလုပ်သမား ၂,၁၉၈ ဦးအားတွေ့ရှိခဲ့တယ်လို့ စစ်ကော်မရှင်ကမြန်မာ့အလင်းသတင်းစာ မှာထုတ်ပြန်ထားပါတယ်။

အဲ့ဒီအလုပ်သမားတွေကို ဂိုဒေါင်၊ တိုက်၊ ဆေးပေးခန်း အဆောက်အအုံတွေမှာ  အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး နှင့် လုံခြုံရေး (၉၈) ဦးတို့ ပါဝင်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီတောင်ပိုင်းမှာရှိပြီး အလုပ်ရုံတွေပြောင်းရွေ့ချိန်တွင် အောက်တိုဘာ ၁၉ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“ဖြုတ်ထားတဲ့ဟာတွေပဲ ပါသွားတာ တချို့  Starlink တွေက ကုမ္ဗဏီပြောင်းတော့မှာမို့ ဖြုတ်ထားတာ ထိုင်းနိုင်ငံက ဝိုင်ဖိုင်ကိုသုံးကြတာများတယ်”လို့ KK Park အတွင်းနေထိုင်သူနဲ့ နီးစပ်သူ တစ်ဦးမှသိရပါတယ်။

KK Park အတွင်းမှာ Straink တပ်ဆပ်ထားတဲ့ စလောင်းအစုံ ၃၀ နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့  စစ်တပ်က ဆိုပါတယ်။

ဒီဝင်းအအဆောက်အဦး၊ မြေယာပိုင်ဆိုင်မှတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ တရားဝင်စာရွက်စာတမ်းတွေကို စစ်ဆေးပေမယ့် တရားဝင်စာရွက်စာတန်းမရှိသလို သက်ဆိုင်ရာတာဝန်ရှိတွေလည်း ဆင့်ခေါ်ပေမယ့်လာရောက်ခြင်းမရှိလို့ ဝင်ရောက်စီးနင်းတာဖြစ်တယ်လို့ဖော်ပြပါတယ်။ 

ပြီးခဲတဲ့ရက်ပိုင်းအတွင်း မြဝတီမြို့နယ်ထဲက ကျားဖြန့်ရုံတွေနဲ့ ဆောက်လုပ်ရေးရုံတွေနား တစ်လျှောက် ဆယ်မိုင်ပတ်လည်မှာ KNLA/PDF နှင့် စစ်ကော်မရှင်တို့ကြား ဆက်တိုက်တိုက်ပွဲ ပြင်းထန် ဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *