မှားယွင်းနေတဲ့ (၁၂)တန်းအောင် အမှတ်စာရင်းတွေကို စိစစ်ပြီးပြန်ထုတ်ပေးမယ်လို့ဆို

ဩဂုတ် ၅၊ ရန်ကုန် 

  ပြီးခဲ့တဲ့ ဇူလိုင်လ(၃၀)ရက်နေ့ကနေ စတင်ထုတ်ဝေပေးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်း အမှတ်တွေမှားယွင်းမှုပေါ်ပေါက်ပြီးနောက် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက အမှတ်စာရင်းထုတ်ဝေပေးမှုတွေကို ခတ္တရပ်ဆိုင်းလိုက်ပါတယ် ။

  ယခုလသြဂုတ်လ(၄)ရက်နေ့ကတည်းက ထုတ်ပေးမှုရပ်ဆိုင်းခဲ့တာဖြစ်ပြီး  မှားယွင်းနေတဲ့အမှတ်စာရင်းတွေကို သေသေချာချာ စိစစ်ပေးပြီး နောက်ထပ်မှန်ကန်စွာ တိတိကျကျ ပြန်လည်ထုတ်ယူခွင့်ပေးသွားမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ 

  ထပ်မံထုတ်ပြန်ပေးမယ့်နေ့ရက်ကိုတော့ ပြောပြထားခြင်းမရှိပါဘူး။

ဒီလိုမှားယွင်းရခြင်းဟာ နေပြည်တော်စာစစ်ဌာနအချို့မှာ ဆာဗာချို့ယွင်းချက်ကြောင့် ထည့်သွင်းထားသော အချက်အလက်များ မှားယွင်းမှုဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ ဆိုထားတာပါ။

 ၎င်းတို့ အမှတ်စာရင်းတွေ ထုတ်ပြန်ခဲ့မှုထဲ  အချို့သောအောင်မြင်ထားတဲ့ အမှတ်တွေက အောင်မှတ်ပြည့်မှီခြင်းမရှိပဲ  ကျရူံးအမှတ်တွေဖြစ်နေတယ်လို့ အွန်လိုင်းကပါ၊ မြေပြင်ပါ ဝေဖန်မှုတွေမြင့်တက်များပြားခဲ့တာလည်း ဖြစ်ပါတယ်။ 

 ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ နှစ်သိန်းကျော်ရှိခဲ့ပြီး  တစ်သိန်း နီးပါးအောင်မြင်ခဲ့ကာ ဖြေဆိုသူ ထက်ဝက်နီးပါး စာမေးပွဲအောင်မြင်တယ်လို့  ပညာရေးဌာနရဲ့ ထုတ်ပြန်မှုစာရင်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *