ယုံကြည်မှုကစတင်ပြီး အမှတ်တရားအထိ

သတင်းတွေ များနေတာပဲ၊ ဘယ်ဟာကို ယုံရမလဲ ဝေခွဲမရဖြစ်နေပြီလား?

Facebook Scroll ဆွဲရင်း၊ TikTok ကြည့်ရင်း သတင်းအချက်အလက်ပေါင်းစုံကို ရရှိနေကြပေမယ့် အဲဒီထဲမှာ “သတင်းမှား” တွေနဲ့ “ဝါဒဖြန့်မှု” တွေ ဘယ်လောက်တောင် ပါနေသလဲဆိုတာ စဉ်းစားဖူးပါသလား။

ရှမ်းနီဒေသတွင်းဖြစ်ပျက်နေတဲ့ သတင်းတွေကို သိချင်ပေမယ့် တိကျတဲ့အရင်းအမြစ် မရှိတာ၊ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ အခွင့်အရေးနဲ့ ဖြစ်ရပ်မှန်တွေကို ဘယ်သူကမှ ထဲထဲဝင်ဝင် ဖော်ပြမပေးတာမျိုးတွေကို သင် ကြုံတွေ့နေရမှာပါ။ ဒါ့ကြောင့် ရှမ်းနီမီဒီယာ (ShanNi Voice  ဟာ သင့်အတွက် တိကျတဲ့ သတင်းစီးဆင်းမှုနဲ့ ခိုင်မာတဲ့ ရပ်တည်ချက်တွေနဲ့အတူ ယူဆောင်ပေးလာပါတယ်။ 

၁။ “ယုံကြည်မှု” ဆိုတာ ရှမ်းနီအသံရဲ့ နှလုံးသားပါ

လူငယ်တွေဟာ ဝါဒဖြန့်သတင်းတွေကို နားငြီးနေကြပါပြီ။ကျွန်တော်တို့ တင်ဆက်သမျှ သတင်းတိုင်းဟာ မြေပြင်က ခိုင်လုံတဲ့ သတင်းထောက်တွေ၊ ဒေသခံတွေရဲ့ အတည်ပြုချက်တွေအပေါ်မှာပဲ အခြေခံပါတယ်။ “ရှမ်းနီမီဒီယာမှာ ဖတ်လိုက်ရရင် ဒါဟာ အမှန်ပဲ” ဆိုတဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်။  မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် မှန်ကန်တဲ့ သတင်းအချက်အလက် လိုအပ်ပါတယ်။ ဒီအချက်အလက်တွေကို ကျွန်ုပ်တို့ ဖြည့်ဆည်းပေးနေခြင်းဖြစ်ပါတယ်။ 

၂။ ခေတ်နဲ့အညီ မြန်ဆန်တဲ့ “တိကျမှု” 

သတင်းတစ်ခုကို မနက်ဖြန်မှ သိရတာမျိုးမဟုတ်ဘဲ “အခုဖြစ် အခုသိ” ချင်ကြတာ သဘာဝပါ။ ရှမ်းနီမီဒီယာရဲ့ Digital Platform တွေဖြစ်တဲ့ Telegram နဲ့ Facebook မှာ သတင်းထူးတွေကို မိနစ်ပိုင်းအတွင်း တင်ဆက်ပေးနေပါတယ်။ဒါ့အပြင် TikTok လို Platform မျိုးမှာလည်း သတင်းတွေကို စာဖတ်စရာမလိုဘဲ တိုတိုနဲ့လိုရင်း၊ ရုပ်သံနဲ့တကွ တင်ဆက်ပေးနေတာကြောင့် အလုပ်များတဲ့ လူငယ်တွေအတွက် အဆင်ပြေဆုံး ဖြစ်စေမှာပါ။

၃။ ရှမ်းနီတို့ရဲ့ စီးပွားရေးနဲ့ အခွင့်အလမ်းများကို ဖော်ဆောင်ခြင်း

ရှမ်းနီအသံဟာ  သေနတ်သံ၊ ဗုံးသံ သတင်းတွေကိုပဲ တင်ဆက်နေတာ မဟုတ်ပါဘူး။

ဒေသတွင်း စီးပွားရေး အလားအလာများ: ရှမ်းနီဒေသရဲ့ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနဲ့ အသေးစားစီးပွားရေး လုပ်ငန်းရှင်တွေအတွက် အထောက်အကူဖြစ်မယ့် သတင်းစကားတွေကို ဝေမျှပေးပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း: ဒေသတွင်းက လူငယ်တွေအတွက် အလုပ်အကိုင်နဲ့ ပညာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို အလေးထား ဖော်ပြပေးပါတယ်။

၄။ ယဉ်ကျေးမှုကို ထိန်းသိမ်းရုံတင်မကဘဲ ဂုဏ်ယူတတ်စေဖို့

လူငယ်တွေဟာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ခေတ်နောက်ကျတယ်လို့ မထင်စေချင်ပါဘူး။ ရှမ်းနီအသံဟာ ရှမ်းနီတို့ရဲ့ လှပတဲ့ ရိုးရာ၊ အစားအစာနဲ့ လေ့ထုံးတမ်းတွေကို တင်ဆက်ပေးနေပါတယ်။

ရှမ်းနီအသံဟာ ရှမ်းနီတိုင်းရင်းသားတွေသာမက စာဖတ်ပရိတ်သတ်တွေရဲ့ ယုံကြည်မှုနဲ့တွေနဲ့အတူ ရှေ့ဆက်နေတာဖြစ်ပါတယ်။  ရှမ်းနီမီဒီယာဆိုတာ အယ်ဒီတာတွေ၊ သတင်းထောက်တွေတင် မဟုတ်ပါဘူး။ သတင်းပေးပို့နေတဲ့ ဒေသခံတွေ၊ သတင်းတွေကို Share ပေးနေတဲ့ လူငယ်တွေနဲ့ ဝေဖန်အကြံပြုပေးနေတဲ့ ပရိသတ်တွေအားလုံးဟာ ရှမ်းနီအသံရဲ့ အစိတ်အပိုင်းတွေပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *