ဖေဖော်ဝါရီ ၂၆ ၊ ယူကရိန်း
ရုရှားရဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှု (၂)ရက်အတွင်းမှာ ကလေးငယ်အပါအဝင် ယူကရိန်းနိုင်ငံသား ၁၉၈ ဦးသေဆုံးထားကြောင့် ဒီနေ့မှာ Sky News က ရေးသားထားပါတယ်။
ရုရှားရဲ့ ဒုံးကျည်တွေက မြို့တော်ကီယက်မှာရှိတဲ့ လူနေတိုက်ခန်းအဆာက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းမြို့တော် ကီယက်နဲ့ (၁၉) မိုင်အကွာမှာ ရုရှားစစ်တပ်တွေရောက်ရှိနေကြတာဖြစ်ပြီး ယူကရိန်းဘက်ကလည်း ခုခံကာကွယ်မှုတွဆက်လုပ်သွားမယ်လို့ ယူကရိန်းဘက်ကဆိုပါတယ်။
“ရန်သူရဲ့ တိုက်ခိုက်မှုကို အောင်အောင်မြင်မြင် ထိန်းထားနိုင်ပြီ၊ ငါတို့မြေနဲ့ ငါတို့ရဲ့ သားသမီးတွေရဲ့ အနာဂတ်ကို ကာကွယ်နေတာ ငါတို့သိတယ်။” လို့ ယူကရိန်းသမ္မတက ဒီနေ့မနက်မှာပဲ နိုင်ငံတော်ကနေ ပြောဆိုခဲ့ပါတယ်။
ရုရှားတပ်တွေ ကီယက်ကိုဝိုင်းထဲနေတဲ့အချိန်မှာပဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေကလည်း ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်း ရုရှားမီဒီယာတွေဘက်က ရေးသားနေကြပါတယ်။
Ref; Sky News