ရေဘေးသင့်ကျေးရွာတွေကို ဆန်အိတ် တစ်ထောင် SNA လှူဒါန်း

Photo News

ဇူလိုင် ၉ ၊ ဟုမ္မလင်း

ရေကြီးရေလျှံဖြစ်ပွားနေတဲ့ ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးရွာတစ်ရာကို ဆန်အိတ် တစ်ထောင်ကျော် ရှမ်းနီအမျိုးသားများတပ်မတော် SNA က ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ် နှင့် ဥရုချောင်းရိုးတစ်လျှောက်ရှိ ကျေးရွာများကို ဆန်အိတ် တစ်ထောင် နဲ့ ဆီပုံး ၅၀၀ ကျော် လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ဥရုချောင်းရေကျဆင်းခဲ့ပေမယ့်လည်း ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ၆ ပေကျော်မှာ ဆက်လက်ရှိနေပြီး မြို့ပေါ်အပါအဝင် ရာနှင့်ချီတဲ့ ကျေးရွာတွေဟာ ရေနစ်မြှုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *