ရေဘေးသင့်နေတဲ့ ဒေသ (၅) ခုရှိ  လူဦးရေတစ်သိန်းကျော်အတွက် WFPက စားနပ်ရိက္ခာကူညီ 

ဟုမ္မလင်းမြို့နယ်ရှိ WFP စားနပ်ရိက္ခာ ကူညီမျှဝေမှုအစီအစဉ်အခမ်းအနားတစ်ခုကိုတွေ့ရစဉ် Photo/Local

ဩဂုတ် ၉ ၊​ ရန်ကုန် 

ရေဘေးဒုက္ခကြုံနေရတဲ့  ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးအတွင်းက လူဦးရေ(၁၂၀၀၀၀)အတွက် ကုလသမကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က လှူဒါန်းမှုများရှိခဲ့တယ်လို့ သိရပါတယ်။

ထောက်ပံ့ပေးခဲ့မှုတွင် ငွေသား၊ဆန်၊အဟာရမှုန့်တွေ၊ အဟာရဖြည့်ဘီစကွတ်တွေဖြစ်ပြီး ဒီရေကြီးရေလျှံမှုဖြစ်ပွားနေတဲ ဒေသတွေမှာ လူဦးရေစုစုပေါင်း (၈၅၅,၀၀၀)နေထိုင်နေကြတာဖြစ်ကာ ဆယ်ပုံပုံ တစ်ပုံခန့်ကိုသာ ကူညီပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

လူဦးရေ နှစ်သိန်းကျော်ဟာလည်း ရေကြီးရေလျှံမှုတွေကြောင့် ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတာပါ။ 

“ အခု ၈လ ကျော်ပြီးတဲ့နောက်ကကြတော့ ကိုယ်ဟာကိုရှာစားနေရတာ ဒါပေမယ့် အခုတလောကကမ္ဘာစားနပ်ရိက္ခာအဖွဲ့ (၇ )လ တစ်ရက်နေ့ကစလို့ လာဝေတယ် ။ အခုနောက်လာထောက်ပံ့တာကြတော့ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့က လာထောက်ပံ့တာ။ ပထမတုန်းကတော့ အဆင်ပြေတယ် အခုနောက်တော့ ရိက္ခာတွေကကိုယ်အလုပ်နဲ့ကိုယ်ရှာပြီးစားနေရတာပါရှင့်။ ” လို့  စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်အတွင်းက အမျိုးသမီးတစ်ဦးက ရှမ်းနီအသံကို ဖြေကြားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့လက WFP ဟာ ဟုမ္မလင်းမြို့နယ်ရှိ ရေဘေးသင့်ဒေသခံ ကျေးရွာ ဆယ်နှင့်ချီကို  စားနပ်ရိက္ခာကူညီမှုတွေရှိခဲ့ပြီး စာရင်းအတိအကျကိုတော့ မသိရှိရပါဘူး။

“ နိုင်ငံတဝန်းမျာ လူဦးရေပေါင်း ၁၃ သန်းဟာစားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလို ရေဘေးဖြစ်တာကြောင့် သူတို့တွေအနေနဲ့ ပိုပြီး ထိခိုက်လွယ်တဲ့ အခြေအနေကိုရောက်ကြရတယ်” လို့  WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ပိုလိုမာတီက ပြောပါတယ်။ 

မြန်မာနိုင်ငံက ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေမှာ ဇူလိုင်လကစ ဩဂုတ်လ ၆ ရက်နေ့အထိ  လူပေါင်း ၈၅၅,၀၀၀ ခန့်ဟာ ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ဒေသတွေမှာ နေထိုင်ကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *