ဇူလိုင်၂၅၊ရန်ကုန်
မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်တစ်ဦးကို ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့်တာဝန်စရိတ်အနေနဲ့ တစ်လတစ်သောင်းကျပ် ထောက်ပံ့မယ်လို့ ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီက ကြေညာပါတယ်။
နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ ပြည်သူတွေလုံခြုံမှုရှိစေဖို့ ၊ ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်တွေကို အသက်စွန့်ကာကွယ်စောင့်ရှောက်ဖို့ ထောက်ပံ့ပေးတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ထောက်ပံ့မှုတွေကို လာမယ့် ဩဂုတ်လစပြီး ထောက်ပံ့မှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး က ကြေညာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ထားသော စီးပွားရေးရာကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်က ပြည်ထဲရေးဌာနက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြထားမှုအရ ရဲတပ်ဖွဲ့အင်အား ၈ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ရဲတပ်ဖွဲ့တွေကနေ CDM လုပ်လာသူတွေလည်း ၈ ထောင်နီးပါးရှိနေတယ်လို့လည်း NUG ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအနှံ့အပြားမှာ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာ ၊ စခန်းတွေ သိမ်းပိုက်ခံရမှုတွေ မကြာခဏရှိနေပြီး နယ်မြေရဲစခန်းတွေကို ရုပ်သိမ်းကာ မြို့နယ်ရဲစခန်းတစ်ခုတည်းမှာ ပူးပေါင်းထားတယ်လို့ သိရပါတယ်။